ကချင်ပြည်နယ် လုံးခင်းကျေးရွာအနီးတွင် ကျင်းဟောင်းပြိုကျ၍ ၅ဦးထက်မနည်း သေဆုံး

ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကချင်ပြည်နယ် လုံးခင်းကျေးရွာ အုပ်စုရဲ့ တစ်မိုင်ခန့် အကွာ ကုဋေကျေးရွာအနီးရှိ ကုမ္ပဏီ လုပ်ကွက်ကျင်းဟောင်းတစ်ခု၏ ကျင်းအကာပြိုကျပျက်စီးခဲ့သဖြင့် အနည်းဆုံးလူ ၅ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကျင်းဟောင်းပြိုကျမည့် အန္တာရယ်ကို သိနေသည့်အတွက် ကုမ္ပဏီမှ လုံးခြုံရေးသမားများကို ကျောက်ရှာသမားများ မဝင်အောင် သွားရောက်စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ အလောင်း၅လောင်း ဆယ်ယူရရှိထားပြီး ရွံ့တွေ ဖုံးနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ သေဆုံးသူတွေထဲမှာ လုံခြုံရေးသမားများလည်း ပါဝင်နေပါတယ်။

အခင်းဖြစ်ရာနေရာကို လုံးခင်း NLD ဒုဥက္ကဌ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တယ်လို့လည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *