ကတ်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုမှ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး စတင်ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကန်သလစ်ခရစ်ယာန် ဂိုဏ်းချုက်ဆရာတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး လူမျိုးတစ်စုပျောက်ကွယ်အောင် မြန်မာ့တပ်မတော်က သုတ်သင် ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ပြောဆိုဝေဖန်နေတာဟာ မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မလာခင် တစ်ပတ်အလိုမှာ AP သတင်းဌာနကိုပြောခဲ့ပါတယ်။

အခြေခံဥပဒေအရ တပ်မတော်ကို ဘာမှပြောခွင့်မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အစောကြီး ရှင်းလင်းထုတ်ဖော်ပြောဆိုသင့်သော်လည်း တပ်မတော်နဲ့ညှိနှိုင်းဖို့ သူ့နည်းသူ့ဟန်နဲ့ လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကြိုးစားနေတာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ထို့ပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရိုစင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြဉ်ဖို့ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ပန်ကြားထားတယ်လို့သိရပါတယ်။

Source : RFA

Leave a comment

Your email address will not be published. Required fields are marked *