ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်နိုင်မယ့် Recycle နည်းလမ်း

Recyle ပြုလုပ်ခြင်းက ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုုင်မယ့် နည်းလမ်းတွေထဲက အရေးကြီးဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်လိုပစ္စည်းတွေကို recycle ပြုလုပ်နိုင်လည်းဆိုတာ လေ့လာကြည့်ရအောင်။

အလူမီနီယံ

အလူမီနီယံတွေကတော့ ၁၀၀ ရာခိုင်နှုန်း recycle ပြုလုပ်နိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ အလူမီနီယံ အအေးဗူးခွံတွေကို recycle ပြုလုပ်လို့ရပါတယ်။

PET ပလက်စတစ်ဗူးခွံများ

ဒီပလက်စတစ်ဗူးခွံတွေကိုလည်း အလွယ်တကူ recycle ပြုလုပ်နိုင်တာကြောင့် လမ်းတွေပေါ်မှာ ပြန့်ကြဲနေတဲ့ ဗူးခွံတွေကို ထိန်းသိမ်းရာရောက်ပါတယ်။

သတင်းစာများ

သတင်းစာတွေကလည်း recycle ပြုလုပ်လို့ရတာကြောင့် စက္ကူအလေအလွင့်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

စတီးဗူးများ

စတီးနဲ့ပြုလုပ်ထားတဲ့ ထည့်စရာဗူးတွေ၊ ခွက်တွေကိုလည်း အလွယ်တကူ recycle ပြုလုပ်နိုင်ပါတယ်။

ဖန်ခွက်များ

ဖန်နဲ့ပြုလုပ်ထားတဲ့ ခွက်တွေ၊ ဗူးတွေကိုလည်း recycle ပြုလုပ်နိုင်တာကြောင့် အလေ့အလွင့်ဖြစ်ခြင်းများမှ ကာကွယ်ပေးနိုင်ပါတယ်။

ကွန်ပျူတာများ

ကွန်ပျူတာများကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ recycle လုပ်ပြီး ပြုပြင်သုံးစွဲနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *