ကမ္ဘာကျော်နယ်လှည့် အဆိုကျော် Elton John ဟာ ပွဲ၃၀၀ကို ဖျော်ဖြေမှုအပြီးတွင် ပရိတ်သတ်တွေကို နှုတ်ဆက်တော့မည်

ကမ္ဘာပေါ်မှာ ပရိတ်သတ်အတောင်းဆိုဆုံး စင်မြင့်ဂီတဖျော်ဖြေသူ Elton John ဟာ လာမယ့် ၃နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၀၀လောက် ဆက်တိုက်လုပ်ပြီး ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောမယ်လို့ နယူးယောက်မြို့မှာ ပြောခဲ့ပါတယ်။

John ဟာ သူ့မိသားစု၊ သားသမီးတွေနဲ့အတူပိုပြီး အချိန်ကြာကြာ နေနိုင်ရန်အတွက် ယခုလို သီချင်းဆိုတာကို ရပ်ဆိုင်းဖို့ရန် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြနေသလို ကျန်းမာရေး မကောင်းလို့ အနားယူမှာ မဟုတ်ကြောင်း သူတို့ပြောသလို ကျန်းမာရေးမကောင်းလို့သာဆိုရင် ပွဲ ၃၀၀ ကို ဆက်တိုက်ဆိုဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း John က ငြင်းဆိုခဲ့ပါတယ်။

Elton John ဟာ၂၀၁၇ခုနှစ် အတွင်းမှာ ပွဲပေါင်း ၁၀၀ နီးပါး သီဆိုဖျော်ဖြေခဲ့ပါတယ်။ ထိုစဉ်က တောင်အမေရိက နယ်လှည့်ခရီးစဉ်အတွင်း ဘက်တီးလီးယား ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ ထို့ကြောင့် ဂီတဖျော်ဖြေပွဲ ၉ပွဲလောက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Elton John ရဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ သီချင်းတွေကတော့ Tiny Dancer၊ Candle in the Wind၊ Benny and the Jets၊ Your Song တို့ဖြစ်ကြပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် Grammy Awards ဆုပေးပွဲကြီးတွင် john ဟာ အမေရိကန်အဆိုတော် မိုင်လီ ဆိုင်းရပ်စ်နဲ့ စုံတွဲဖော်ဖြေဖို့ ရှိတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *