ကမ္ဘာပေါ်က လူနေမှုစရိတ် အကြီးဆုံးနဲ့ ဈေးအပေါဆုံးမြို့တော်များ စာရင်းထွက်ရှိ

နှစ်(၃၀)အတွင်း နိုင်ငံပေါင်း(၁၃၃)နိုင်ငံရဲ့ နှစ်စဉ်စီးပွားရေးနဲ့ ကုန်ဈေးနှုန်းတွေကို စောင့်ကြည့်ပြီးနောက် ကမ္ဘာ့ ဈေးအကြီးဆုံးနဲ့ ဈေးအပေါဆုံးမြို့တော်တွေစာရင်းကို ပထမဦးဆုံး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဈေးအကြီးဆုံး ထိပ်ဆုံး မှာ နေရာယူထားတာကတော့ အချစ်မြို့တော်လို့ တင်စားကြတဲ့ ပြင်သစ်မြို့တော် ပဲရစ် Paris ပဲဖြစ်ပါတယ်။ ဈေး အများ ဆုံး Top-10 စာရင်းမှာ ဥရောပ(၄)နိုင်ငံက မြို့တော်တွေ ပါဝင်နေပါတယ်။ပဲရစ်ဟာ ၂၀၀၃ ခုနှစ်ထဲက ကမ္ဘာ့ဈေး အကြီးဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ Paris မှာ အမျိုးသမီး တစ်ဦး တစ်ခါဆံပင်ညှပ်ရင် $119.4 ကျပါတယ်။ ကမ္ဘာ့ဈေး အကြီးဆုံး နိုင်ငံတွေရဲ့ စာရင်းကတော့-

1. Paris (France)

1. Singapore (Singapore)

1. Hong Kong (China)

4. Zurich (Switzerland)

5. Geneva (Switzerland)

5. Osaka (Japan)

7. Seoul (South Korea)

7. Copenhagen (Denmark)

7. New York(US)

10. Tel Aviv (Israel)

10. Los Angeles (US) တို့ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအပေါဆုံး မြို့တော်စားရင်းမှာ ထိပ်ဆုံး နေရာယူထားတာကတော့ Venezuela ရဲ့ Caracas ပဲဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်သေးတဲ့ Caracas မှာ Coffee တစ်ခွက်ရဲ့ ဈေးနှုန်းဟာ $0.62 သာကျပါတယ်။ ကမ္ဘာ့ဈေး အပေါဆုံးမြို့ကြီးတွေရဲ့ စားရင်းကတော့-

1. Caracas (Venezuela)

2. Damascus (Syria)

3. Tashkent (Uzbekistan)

4. Almaty (Kazakhstan)

5. Bangalore (India)

6. Karachi (Pakistan)

6. Lagos (Nigeria)

7. Buenos Aires (Argentina)

7. Chennai (India)

8. New Delhi (India) တို့ဖြစ်ပါတယ်။

Source : BBC

Leave a comment

Your email address will not be published. Required fields are marked *