ကမ္ဘာပေါ်က သတိပြုစရာ selfie အလွဲများ

လူမှုကွန်ရက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာနဲ့အမျှ လူတွေဟာ မိမိရဲ့ နေတဒူဝလုပ်ဆောင်ချက်တွေကို ကိုယ်တိုင်ဓါတ်ပုံရိုက်ကူးပြီး လူမှုကွန်ရက်တွေပေါ်တင်တတ်ကြတဲ့ အလေ့အထတစ်ခုက ခေတ်စားလာခဲ့ပါတယ်။ မြန်မာအများစုကဆယ်လ်ဖီဆွဲတယ်လို့သုံးတတ်ကြပါတယ်။ ဒီ selfie ဆိုတဲ့စကားလုံးကို ၂၀၀၂ ခုနှစ် စက်တင်္ဘာလ ၁၃ ရက်နေ့မှာပြုလုပ်တဲ့ Australian အင်တာနက် ဖိုရမ်တစ်ခုမှာစတင်သုံးစွဲခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓါန်က The word of year သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက facebook ၊ Instagram ၊ Snapchat စတဲ့လူမှုကွန်ရက်သုံးကြသူ သန်းပေါင်းများစွာဟာ နေ့စဉ် selfie နဲ့မကင်းကြသလို တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ အများအမြင်မှာ မသင့်တော်တဲ့ ဆယ်လ်ဖီပုံတွေကို ရိုက်ပြီးတင်တတ်ကြပါတယ်။ သူများဝမ်းနည်းနေတဲ့အချိန်မှာ ပျော်နေတာမျိုးတွေ၊အရေးကြီးတဲ့အချိန်မှာ ဆယ်လ်ဖီရိုက်တာတွေကို ရှောင်ရှား သင့်ကြပါတယ်။ ဆန်းသစ်မြန်မာပရိတ်သတ်တွေသတိမူနိုင်ဖို့အမြင်မတော်တဲ့selfieပုံတစ်ချို့ကိုဖေါ်ပြပေးလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *