ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံး ၅နိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှု စရိတ်ဟာ အမေရိကနိုင်ငံမှာ အမြင့်မားဆုံးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အသက်၆၀ကျော်လင်မယား တစ်စုံအဖို့ ကန်ဒေါ်လာ ၂၇၅၀၀၀ ကျော်လိုအပ်ပါတယ်။ ဒါတောင်မှ သွားဘက်ဆိုင်ရာ ဆေးဝါးကုသမှုခံယူ စရိတ်မပါဝင်သေးပါ။ survey မှတ်တမ်းများအရ အမေရိကနိုင်ငံ အပြင်အခြားနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်မှာ သက်သာပြီးကောင်းမွန်နေကြောင်းလည်းတွေ့ရှိရပါတယ်။ အဲဒီနိုင်ငံတွေကတော့

Costa Rica

Costa Rica သည်ကုလသမ္မဂ မှကမ္ဘာ့အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု နိုင်ငံနှစ်ဆယ်တွင်ပါဝင်ပါတယ်။ အစိုးရမှကျန်းမာရေးအတွက် အားလုံးတာဝန်ယူပြီး တစ်လလျှင်ဒေါ်လာ ၈၀ ပေးသွင်းရုံဖြင့် အသက်ကြီးလာသောအခါ အစိုးရမှ လိုလေသေးမရှိ တာဝန်ယူကြောင်း တွေ့ရှိရပါတယ်။

Malaysia

မလေးရှားနိုင်ငံတွင်ရှိသော ဆရာဝန်အများစုဟာ ဥရောပနိင်ငံတွင် ပညာသင်ကြားခဲ့ပြီး ကိုယ့်နိုင်ငံတွင် အလုပ်ပြန်လုပ်နေကြသော ဆရာဝန်များ ဖြစ်ပါတယ်။ အခြားနိုင်ငံများကဲ့သို့ ဆေးကုသစရိတ်မှာ ဈေးမကြီးဘဲ သက်သာပါတယ်။ ဆရာဝန်ပြရင် ပုံမှန် ၁၅ဒေါ်လာခန့်သာကျသင့်ကြောင်းလည်း တွေ့ရပါတယ်။

Columbia

Columbia ဟာကုလသမ္မဂ မှကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု နိုင်ငံ ၂၂အဆင့်ပေးထားပါတယ်။ ပုံမှန်ဆေးခန်းပြတဲ့စရိတ်ဟာ ၃ဒေါ်လာမျှသာရှိပြီး အခြားဓါတ်မှန်ရိုက်ခ နှင့်ဆေးကုသမှုစရိတ်မှာလည်း မထင်ထားလောက်အောင် သက်သာကြောင်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံထက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အားလုံးသက်သာကြောင်းလည်း တွေ့ရပါတယ်။ အကယ်၍ specialist တစ်ယောက်နှင့် ဆေးခန်းပြရင်တောင်မှ ကန်ဒေါ်လာ၅၀ခန့်သာ ကုန်ကျကြောင်းတွေ့ရပါတယ်။

Mexico

Mexico နိုင်ငံမှာမြို့တိုင်းအကောင်းဆုံး ဆေးရုံတစ်ရုံရှိပါတယ်။ Mexico မှာရှိတဲ့ဆရာဝန် အားလုံးဟာ အမေရိကမှာ ပညာသင်ကြားခဲ့တဲ့ ဆရာဝန်တွေဖြစ်ပြီး english စကား ကောင်းကောင်းပြောတတ်ကြပါတယ်။ ထို့အပြင် drug ဆေးဝါးတော်တော်များများမှာ မက်ဆီကိုနိုင်ငံတွင် အများဆုံးထုတ်လုပ်ပြီး ဆေးစရိတ်မှာ သက်သာကြောင်းတွေ့ရှိရပါတယ်။ အချို့ဆေးကုမ္ပဏီများမှာ ဆရာဝန်ကုသစရိတ်ကို အခမဲ့ဝန်ဆောင်ပေးကြောင်း တွေ့ရှိရပါတယ်။

Panama

Panama ဟာ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု၊ လူတိုင်းတတ်နိုင်တဲ့ ကျန်းမာရေးကုသစရိတ်ရှိသော နိုင်ငံဖြစ်ပါတယ်။ ကလေးဆေးရုံ၊ ပြည်သူ့ဆေးရုံအားလုံးများဟာ အမေရိကနိုင်ငံမှာရှိတဲ့ ဆေးရုံအရည်အသွေးများနှင့် တန်းတူဖြစ်ပြီး ကုန်ကျစရိတ်အားလုံးဟာ အမေရိကန်နိုင်ငံထက် ၅၀ရာခိုင်နှုန်း သက်သာပါတယ်။ အမေရိကန်နိုင်ငံသား အချို့ဟာ panama နိုင်ငံရဲ့ဆေးဝါးကုသမှုစရိတ်ကို နှစ်သက်ကြောင်းလည်း တွေ့ရှိရပါတယ်။

Leave a comment

Your email address will not be published.