ကမ္ဘာပေါ်ရှိ အသက်အရှည်ဆုံးသော သတ္တဝါများ

Jellyfish

ပင်လယ်ထဲမှာ ကူးခတ်သွားလာနေတဲ့ Jellyfish လေးတွေမှာ သေဆုံးသွားကြတယ်ဆိုတဲ့ဖြစ်စဉ်က မရှိသလောက်ရှားပါတယ်။ သူတို့လေးတွေက ထိခိုက်ဒဏ်ရာရတဲ့အခါ၊ မကျန်းမာတဲ့အခါမျိုးမှာတောင် သုံးရက်ကြာပြီးတဲ့နောက်မှာ သူတို့ရဲ့ဆဲလ်တွေက ငယ်ဘဝကဆဲလ်များအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားတာကြောင့် မသေဆုံးဘဲ ဆက်လက်ရှင်သန်ကြပါတယ်။

ရေဘဝဲ

လေ့လာတွေ့ရှိချက်များအရ ရေဘဝဲတွေက သက်တမ်းကြာလာတာကြောင့် သေဆုံးခြင်းမရှိဘဲ ရောဂါဖြစ်မှသာ သေဆုံးတတ်ကြတဲ့ အသက်ရှည်သတ္တဝါများဖြစ်ပါတယ်။

လိပ်များ

လေ့လာတွေ့ရှိချက်များအရ လိပ်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများက သက်တမ်းကြာသွားတာကြောင့် ပျက်ဆီးသွားနိုင်ခြင်းမရှိပါဘူး။ အခြားသားရဲတိရစ္ဆာန်များနဲ့ ရောဂါများကြောင့်သာ သေဆုံးနိုင်ကြပါတယ်။

ပင်လယ်မျှော့

ပင်လယ်မျှော့တွေကလည်း အခြားမျှော့တွေလိုပါပဲ နှစ်ပိုင်းဖြတ်လိုက်ရင်တောင် ပြန်ဆက်နိုင်တဲ့ အစွမ်းရှိကြပါတယ်။ ပင်လယ်မျှော့တွေက သက်တမ်းကြာတာကြောင့် တစ်ရှူးတွေထိခိုက်ပျက်ဆီးခြင်း ကိုတောင် ခံစားရလေ့မရှိတဲ့ သတ္တဝါများဖြစ်ကြပါတယ်။

Bowhead ဝေလငါးများ

ဝေလငါးမျိုးစိတ်များရဲ့ သက်တမ်းက နှစ်ပေါင်း (၇၀) ကျော်ထိ ရှင်သန်နိုင်ကြပါတယ်။ Bowhead ဝေလငါးများကတော့ နှစ်ပေါင်းရာချီပြီးရှင်သန်နိုင်ကြပါတယ်။ သက်တမ်းအကြာဆုံးBowhead ဝေလငါးကတော့ နှစ်ပေါင်း (၂၁၁) နှစ်အထိ ရှင်သန်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *