ကမ္ဘာမြေပေါ်က ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ (၁၀)မျိုး

အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့ စကားက နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ရည်ညွှန်းတဲ့ စကားဖြစ်ပါတယ်။ခေတ်မီဆေးဝါးတွေမပေါ်ခင်ကတည်းက လူတွေ ဟာ သဘာဝအစားအသောက်တွေနဲ့ပဲ ရောဂါတွေကို ကာကွယ်ကုသခဲ့ကြပါတယ်။ ခေတ်မီဆေးဝါးတွေ ဘယ် လောက် ကောင်းပေမဲ့ သဘာတရားကိုတော့ ဘယ်တော့မှ အန်တုလို့မရနိုင်ပါဘူး။ ဒါကြောင့် တစ်သက်တာ ကျန်းမာရေး အတွက် ဒီကမ္ဘာမြေပေါ်က အကောင်းဆုံး သဘာဝအစားအစာ (၁၀) မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်။
(၁) သံပုရာသီး၊ေရွာက္သီး
နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကို ဖြည့်ပေးနိုင်တယ်။ သံပုရာသီးမှာပါဝင်တဲ့ စီထရစ် ဖလေဗွန်နစ်ဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုဟန့်တားပေးနိုင်ပါတယ်။
(၂) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းတစ်ခက်မှာ သင့်အရိုးတည်ဆောက်မှုအတွက် အရေးပါတဲ့ဗီတာမင် K ရာနှုန်းပြည့်ပါဝင်တဲ့ အပြင် ဗီတာ မင်စီကလည်း၂၀၀%အထိပါဝင်ပါတယ်။
(၃) အနက်ရောင်ချောကလက်
နေ့စဉ် တစ်အောင်စရဲ့ လေးပုံတစ်ပုံသာ စားမယ်ဆိုရင် သွေးဖိအားကိုလျေ့ကျစေပါမယ်။ ကိုကာအမှုန့်ဟာ ဖလေဗွန် နိုက်နဲ့ Anti-oxidant တွေပေါများစွာပါတဲ့အတွက် မကောင်းတဲ့ ကိုလက်စထရော LDL ကို လျေ့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောHDLကိုတိုးစေပါတယ်။
(၄) အာလူးနှင့်ကစွန်းဥ
အာလူးတစ်လုံးမှာ ဆဲလ်တည်ဆောက်တဲ့ Folate 66 မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ပန်ဂေါ်ဖီစိမ်းနဲ့ ဟင်းနုနွယ် တစ်ခွက် မှာပါတဲ့ အာဟာရနဲ့တူညီပါတယ်။ ကစွန်းဥတစ်ဥမှာ ကင်ဆာကိုတိုက်ဖျက်ဖို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် အေပမာ ဏရဲ့ ၈ဆပါဝင်ပါတယ်။
(၅) ဆော်လမွန်ငါး
ဒီနိုင်ငံမှာတော့ ဈေးမသက်သာပါဘူး။ နှလုံးရောဂါနဲ့ ကင်ဆာကို ကာကွယ်တိုက်ဖျက်ဖို့ လိုအပ်တဲ့ အိုမီဂါသရီး ဖက် တီးအက်စစ်ကြွယ်ဝတဲ့အစာဖြစ်ပါတယ်။
(၆) သစ်ကြားသီး
ဒီနိုင်ငံမှာတော့စားသုံးတာနည်းမယ်ထင်ပါတယ်။အိုမီဂါသရီးဖက်တီးအက်စစ်ကြွယ်ဝပါတယ်။
(၇) ထောပတ်သီး
အမျှင်ဓါတ်ကြွယ်ဝပြီးမကောင်းတဲ့ကိုလက်စထရောကို၂၂%အထိလျော့ကျစေနိုင်ပါတယ်။
(၈) ကြက်သွန်ဖြူ
ရောဂါဘယတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ အရောင်ကိုကျစေတယ်။ မကောင်းတဲ့ ကိုလက်စထရောနဲ့သွေးတိုးကိုကျစေပါတယ်။
(၉) ဟင်းနုနွယ်
မျက်လုံးကျန်းမာရေးအတွက် အရေးပါတဲ့ lutein နဲ့ zeaxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းနှစ်ခုပါဝင်ပါတယ်။ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့နာမည်ကျော်အစားအစာလည်းဖြစ်ပါတယ်။
(၁၀) ပဲအမျိုးမျိုး
ပဲအမျိုးမျိူးကို တစ်ပတ် လေးကြိမ်စားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေကို ၂၂% အထိေလျှော့ချနိုင်ပါတယ်။ ဒါတင် မကပါဘူး။ရင်သားကင်ဆာဖြစ်နိုင်ချေကိုပါလျော့နည်းစေပါတယ်။

ကိုးကား။ Fitness

Leave a comment

Your email address will not be published. Required fields are marked *