ကမ္ဘာမှာ အင်အားအကြီးဆုံး Internet Company တစ်ခုဖြစ်လာတဲ့ Tencent

Tencent ဆိုတဲ့နာမည်က​ မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ အထူးသဖြင့် လူငယ်တော်တော်များများ ရင်းနှီးပြီးသား နာမည်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေ့ခေတ် ရေပန်းအစားဆုံး Mobile game တစ်ခုဖြစ်တဲ့ PUBG ကလည်း Tencent က ထုတ်တဲ့ Game တစ်ခုဖြစ်ပါတယ်။ ဒီနေ့ပြောပြသွားမယ့်အကြောင်းရာကတော့ Tencent ဆိုတာဘာလဲ ဖြစ်ပါတယ်။

Tencent ဆိုတာဘာလဲ။ 

Tencent ဆိုတာ တရုတ်ပြည်က အင်တာနက် company တစ်ခုဖြစ်ပြီး တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံး company တစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဒီနေ့လူတော်တော်များများသိတဲ့ wechat app ရဲ့ မိခင် company လည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယှဉ်ရင် Tencent က ကမ္ဘာမှာ ငါးခုမြောက် အကြီးဆုံးအင်တာနက် company စာရင်းမှာ ရှိပါတယ်။ Tencent က social media app ဖြစ်တဲ့ wechat ကိုလည်း ပိုင်ဆိုင်ထားပါတယ်။။ wechat အသုံးပြုသူ အရေအတွက်က ၁ ဘီလီယံကျော်ရှိပါတယ်။ ဒီအရေအတွက်က Instagram နဲ့ယှဉ်လိုက်ရင် Instagram အသုံးပြုသူအရေအတွက် နှစ်ဆကျော်ရှိပါတယ်။ ဒါ့အပြင် tencent မှာ payment system တွေရှိပါတယ်။ wechat pay နဲ့ အခြား ကြော်ညာလုပ်ငန်းတွေကို ပိုင်ဆိုင်ထားပါတယ်။ Wechat Pay ဆိုတာက ဒီနေ့ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ CB pay နဲ့ KBZ Pay တို့လို ငွေပေးချေမှုလုပ်လို့ရတဲ့ payment app တွေဖြစ်ပါတယ်။ ကြော်ညာလုပ်ငန်းတွေကတော့ Google ads ပုံစံမျိုး ကိုယ့်လုပ်ငန်းတွေကို အင်တာနက်မှာ ကြော်ညာထည့်လို့ရသလို ကိုယ်ပိုင် web စာမျက်နှာတွေပေါ်မှာ ကြော်ညာထည့်သွင်းလို့ရတဲ့ စနစ်တွေဖြစ်ပါတယ်။​ Tencent က သတင်းမီဒီယာတွေဖြစ်တဲ့ Penguin E-sport, Now live နဲ့ အခြား​ entertainment တွေဖြစ်တဲ့ Tencent Comic ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒီနေ့အင်တာနက်ခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ cloud service ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Google Cloud, icloud ပုံစံ ကိုယ်ပိုင် Tencent Cloud service ရှိပြီး တရုတ်ပြည်သူတော်တော်များများ လက်ရှိအသုံးပြုနေတဲ့ Cloud service တစ်ခုလည်း ဖြစ်ပါတယ်။ Artificial Intelligence လောကမှာလည်း Tencent က ကိုယ်ပိုင် A.I lab တွေရှိပြီး product တော်တော်များများ ရှိပါတယ်။

Tencent က တရုတ်ပြည်က အသုံးပြုသူတွေသုံးတဲဲ့ apps အားလုံးနီးပါးကို ပိုင်ဆိုင်ထားရုံသာမက​ အခြားနိုင်ငံက အသုံးပြုသူတွေကို ပိုင်ဆိုင်ထားပါတယ်။ အခုဆို Malaysia နိုင်ငံက wechat pay ကို တရားဝင် နိုင်ငံအတွင်းမှာ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ တစ်ချိန်မှာတော့ wechat pay နဲ့ အခြား tencent service တွေက မြန်မာနိုင်ငံကိုလည်း ရောက်လာတော့မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *