ကမ္ဘာ့ဈေးအကြီးဆုံး နာရီ ၁၀ လုံး

ဘယ်နာရီတွေက ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဆိုတာကို သင် စပ်စပ်စုစုလုပ်ဖူးပါသလား။ အခုပြောပြမယ့်အကြောင်းအရာကတော့ကမ္ဘာ့ဈေးအကြီးဆုံး နာရီ ၁၀ လုံးပါ။ နာရီတစ်လုံးဖြစ်လာဖို့ အဆင့်ဆင့်တပ်ဆင်ပြုလုပ်ရတဲ့အတွက် ဈေးကြီးတဲ့ ကျောက်ထည့်သွင်းအသုံးပြုခြင်း၊ စိန်ထည့်သွင်းအသုံးပြုခြင်း၊ ကျောက်မျက်ရတနာထည့်သွင်းအသုံးပြုခြင်းတို့ကြောင့် ထင်ထားတာထက် ဈေးနှုန်းတွေဟာကြီးမြင့်လာပါတယ်။ နာရီတွေရဲ့ ဈေးတွေဘယ်လိုပဲ ကွာခြားကွာခြား သူပြတဲ့အချိန်ကတော့ အားလုံးအတူတူပါပဲ။

၁။ ဘရီကွက် အိတ်ဆောင်နာရီ ၁၉၇၀ ဘီအေ၊၁၂

ဈေးနှုန်း – ၇၃၄၀၀၀ ဒေါ်လာ

ဒီနာရီကို ၁၈ ကာရက်ရှိတဲ့ ရွှေနဲ့လုပ်ထားတာဖြစ်ပြီး စတိုင်ကျတဲ့အိတ်ဆောင်နာရီတစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်ကိုတော့ ငွေနဲ့ပြုလုပ်ထားပါတယ်။ လက်ကိုင်ပါရှိပြီး ကိုင်ရတာ နူးညံ့တဲ့နာရီတစ်လုံးဖြစ်ပါတယ်။

၂။ ဘလန်ပိန်း ၁၇၃၅ ဂရန်ဒီ

ဈေးနှုန်း – ဒေါ်လာ ၈၀၀၀၀၀

၀တ်ရတာအရမ်းလန်းတဲ့ နာရီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ နာရီရဲ့ အိမ်ကို ပလက်တီနမ်နဲ့ လုပ်ထားတာဖြစ်ပြီး လက်ပတ်ကိုတော့ မိကျောင်းသာရေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ အင်ဂျင်ပိုင်းကိုတော့ အစိတ်အပိုင်း ၇၄၀ ခုထည့်သွင်းထားပြီး လက်နဲ့လုပ်ထားတာဖြစ်ပါတယ်။ အရှုပ်အထွေးဆုံးအစိတ်အပိုင်းတွေနဲ့ လုပ်ထားတဲ့ စမတ်ကျတဲ့ လက်ပတ်နာရီတစ်ခုပဲဖြစ်ပါတယ်။

၃။ လူးဝစ် မိုအီနက် မက်ဂီစထရေးလ်

ဈေးနှုန်း – ဒေါ်လာ ၈၆၀၀၀၀

မှော်ဆန်တဲ့နာရီတစ်လုံးလို့ပြောလို့ရပါတယ်။ ဒီနာရီထဲမှာ လပေါ်ကယူလာခဲ့တဲ့ ဥက္ကာခဲကို ထည့်သွင်းထားတာဖြစ်ပါတယ်။

၄။ ဟူဘလော့ အမဲရောင် ကယ်ဗီယာ ဘန်း

ဈေးနှုန်း – ဒေါ်လာ ၁ သန်း

ဒီနာရီကတော့ ၂၀၀၉ ကထွက်ရှိထားတဲ့နာရီဖြစ်ပြီး ငေးမောဖွယ် နာရီတစ်လုံးဖြစ်ပါတယ်။ ဒီနာရီကို ဖြတ်ထားတဲ့ စိန်အစိတ်အပိုင်းပေါင်း ၅၀၁ ခုနဲ့ ထည့်သွင်းပြုလုပ်ထားတာဖြစ်ပြီး ၁၈ ကာရက်ရွှေနဲ့ ပြုလုပ်ထားတဲ့

ရှေးကျတဲ့ နာရီတစ်လုံးလို့ ဆိုရမှာပါ။

၅။ ရေခဲကုဗတုံးပုံစံ ချိုပတ်စူပါ နာရီ

ဈေးနှုန်း – ဒေါ်လာ ၁.၁ သန်း

ရေခဲကုဗတုံးပုံတွေကို စိန် ၆၀ ကာရက်နဲ့ ပြုလုပ်ထားတဲ့ ဆွစ်စလန် ထုတ် နာရီဖြစ်ပါတယ်။ ဒီနာရီဟာ ရေအောက်ပေ ၁၀၀ ထိ ရောက်သည့်တိုင်အောင် ရေစိမ့်ဝင်မသွားပဲ ခြစ်ရာဖြစ်ခြင်းမှလည်း ကာကွယ်ပေးထားပါတယ်။ ဒီနာရီကိုတော့ မိန်းကလေးတွေ အကြိုက်တွေ့လောက်ပါတယ်။

၆။ ပီတက် ဖီလီပီ စကိုင်းမွန်း တိုးဘီလီယံ

ဈေးနှုန်း – ဒေါ်လာ ၁.၃ သန်း

အရှုပ်အထွေးဆုံးအစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်ပတ်နာရီတစ်လုံးဖြစ်ပါတယ်။ မျက်နှာပြင်မှာဆိုရင်လည်း နေ့စွဲတွေ၊ လပုံတွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။ ခေတ်သစ်လက်ရာမြောက်တဲ့နာရီတစ်လုံးပဲဖြစ်ပါတယ်။

၇။ ဝက်ချရွှန် ကွန်စတက်တင် တိုးဒီအိုင်လီ

ဈေးနှုန်း – ဒေါ်လာ ၁.၅ သန်း

ဒီနာရီကို ဆွစ်စလန်ကနေထုတ်လုပ်တာဖြစ်ပါတယ်။ စက်ရုံရဲ့ ထုတ်လုပ်မှုသက်တမ်း ၂၅၀ အကြိမ်မြောက်အတွက် အမှတ်တရအနေနဲ့ ဒီနာရီကိုထုတ်လုပ်တာဖြစ်ပါတယ်။ ရွှေ ၁၈  ကာရက်ပါဝင်ပြီး ပြာလဲ့လဲ့နီလာကို အသုံးပြုထားတဲ့ အလင်းပြန်ခြင်းမရှိတဲ့ ဖန်သားပြင်ပါဝင်ပါတယ်။

၈။ ပတက် ဖီလီပီ ပလက်တီနမ် ကမ္ဘာ့အချိန်

ဈေးနှုန်း – ဒေါ်လာ ၄ သန်း

ဒီနာရီကို ၂၀၀၂ ခုနှစ်မှာ လေလံစနစ်နဲ့ ဒေါ်လာ ၄ သန်း ရောင်းချရရှိခဲ့ပါတယ်။ အဲ့အချိန်တုန်းက တစ်လုံးတည်းသာရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးနာရီလို့ လူတွေလက်ခံထားကြပါတယ်။ ဒီနာရီဟာ ရောက်တဲ့နိုင်ငံအပေါ်မူတည်ပြီး အချိန်ကို သူ့ဘာသာ ချိန်ညှိပေးတာကြောင့် နေရာမရွေးအချိန်မှန်ပါတယ်။  ဒီနာရီကို လိုချင်တဲ့သူတွေအတွက် အဝါရောင်၊ အဖြူရောင်၊ နှင်းဆီရွှေရောင်နဲ့ ပလက်တီနမ် အရောင်ဆိုပြီးတော့လည်း ထုတ်ထားတာရှိပါတယ်။

၉။ ပီတက် ဖီလီပီ စူပါ ကွန်ပလီးကေးရှင်း နာရီ

ဈေးနှုန်း – ဒေါ်လာ ၁၁ သန်း

ဒီနာရီကို ပီတက်ဖီလီပီ ကုမ္ပဏီက ဘဏ်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဟင်နရီ ဂရေ့အတွက် ၁၉၃၃ ခုနှစ်ကပြုလုပ်ခဲ့တဲ့နာရီဖြစ်ပြီး ဒီနာရီတစ်လုံးပြီးဖို့ အချိန် ၅ နှစ်ယူခဲ့ရပါတယ်။ ဒီနာရီထဲမှာ ရှုပ်ထွေးမှုပေါင်း ၂၄ ခုရှိပြီး တစ်နေ့တာရဲ့ အချိန်တစ်ခုချင်းစီအတွက် ကွဲပြားတဲ့လုပ်ဆောင်မှု အဆင့်ဆင့် ပါဝင်ပါတယ်။ လေလံပွဲမှာ ရောင်းချခဲ့တဲ့ ဈေးအကြီးဆုံးနာရီဖြစ်ခဲ့ပါတယ်။

၁၀။ ချိုပတ် ၂၁၀ ကာရက်

ဈေးနှုန်း – ဒေါ်လာ ၂၆ သန်း

ဒီလက်ရာမြောက်တဲ့ နာရီရဲ့ဈေးကတော့ အပြန်စားပါပဲ။ သူ့ကိုယဉ်နိုင်တဲ့ဈေးနှုန်းမရှိသေးပါဘူး။ အရောင်အသွေးစုံတဲ့ ၂၁၀ ကာရက်စိန်တွေနဲ့ လုပ်ထားပြီး ကြည့်ရတာ လက်ကောက်ဝတ်ပုံစံနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒီနာရီကို ပန်းတွေနဲ့ ကာရံထားတယ်လို့လည်း ထင်ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *