ကမ္ဘာ့နိုင်ငံအချို့မှာ တားမြစ်ထားသောအရာများ

အင်္ဂလန်နိုင်ငံမှာ ခရစ်စမတ်နေ့တွင် ဘီစကစ်စားခွင့်မရှိပါဘူး။

၁၆၄၄ ခုနှစ်မှာ Oliver Cromwell က ခရစ်စမတ်ကျင်းပခွင့်ကို တားမြစ်ခဲ့ပါတယ်။ Cromwell နည်းဥပဒေအရလည်း အင်္ဂလိပ်လူမျိုးတွေက ခရစ်စမတ်နေ့မှာ ဘီစကစ်စားပြီး ပြစ်မှုတွေကျူးလွန်ကြတယ်လို့ ယူဆတာကြောင့် ခရစ်စမတ်နေ့မှာ ဘီစကစ်စားခွင့်ကို တားမြစ်ထားပါတယ်။

အင်္ဂလန်နိုင်ငံမှာ ဝေလငါးတွေကို ကိုင်ခွင့်မရှိပါဘူး။

အင်္ဂလန်နိုင်ငံမှာ ဝေလငါး၊ လင်းပိုင်စတဲ့ ရေနေနို့တိုက်သတ္တဝါတွေကို ဘုရင်မပိုင်ဆိုင်တယ်လို့ သတ်မှတ်ကြပြီး ထိတွေ့ခွင့်ကို တားမြစ်ထားပါတယ်။

တရုတ်နိုင်ငံမှာ ရေနစ်သူကို ကယ်ခွင့်မရှိပါဘူး။

ဒါကတော့ အရှေ့တိုင်းရဲ့ ထူးခြားတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရေနစ်နေသူကို ကယ်ဖို့ပြောတာက ဥပဒေနဲ့ မညီတဲ့ ကိစ္စဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံက ရထားဘူတာအချို့မှာ နမ်းခွင့်မရှိပါဘူး။

၁၉၁၀ ခုနှစ်မှာ ပြင်သစ်နိုင်ငံကထွက်ခွာမယ့် ရထားက မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ စုံတွဲကြောင့် အချိန်နှောင့်နှေးမှုဖြစ်ခဲ့ရာကစပြီး ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံက ရထားဘူတာအချို့မှာ ချစ်သူစုံတွဲတွေ နမ်းရှိုက်တာကို တားမြစ်ခဲ့ပါတယ်။

အီတလီနိုင်ငံ၊ Venice မြို့မှာ ခိုတွေကို အစာကျွေးခွင့်မရှိပါဘူး။

အီတလီနိုင်ငံ၊ Venice မြို့မှာ ခိုတွေကို အစာကျွေးရင် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ရုပ်ထုတွေနဲ့၊ အခြားဗိသုကာလက်ရာတွေကို ငှက်တွေကြောင့် ပျက်ဆီးမှုမရှိအောင် ကာကွယ်လိုတာကြောင့် ဒီဥပဒေကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ အစားအစာထဲကို အရုပ်ထည့်ပြီး ကလေးတွေကို ပေးခွင့်မရှိပါဘူး။

ချောကလက်ဥလေးတွေကို အမေရိကန်နိုင်ငံရဲ့ ကလေးတွေကို ပေးခွင့်မရှိပါဘူး။ အမေရိကန်ဥပဒေအရ အစားအစာထဲကို အရုပ်ထည့်ပြီး ကလေးတွေကို ခြောက်လှန့်တာမျိုး လက်မခံပါဘူး။

ကနေဒါနိုင်ငံမှာ အကြွေစေ့ကိုပဲ သုံးစွဲခွင့်မရှိပါဘူး။

၁၉၈၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရ ဈေးဝယ်ယူတဲ့အခါ ၁၀ ဒေါ်လာကျော်သွားတိုင်း အကြွေစေ့နဲ့သာ ငွေပေးချေခွင့်ကို တားမြစ်ထားပါတယ်။

Samoa မှာ ဇနီးသည်ရဲ့ မွေးနေ့ကို မေ့လို့မရပါဘူး။

ပစိဖိတ်ကျွန်းငယ်လေးမှာ တည်ရှိတဲ့ Samoa နိုင်ငံမှာတော့ ဇနီးသည်ရဲ့ မွေးနေ့ကိုမေ့တဲ့ ယောက်ျားတိုင်းကို တရားရုံးကဒဏ်ကြေးကောက်ပြီး အဲ့ဒီဒဏ်ကြေးကိုတော့ ဇနီးသည်လက်ထဲကို ပြန်လည်ပေးအပ်တဲ့ ဥပဒေရှိပါတယ်။

ဂျပန်နိုင်ငံမှာ တက်တူးထိုးထားတာကို လူသိမခံပါဘူး။

ဥပဒေအရ တားမြစ်ထားတာမရှိပေမယ့် ရာကူဇာလိုဂိုဏ်းတွေရှိတာကြောင့် တက်တူးထိုးထားတဲ့ သာမန်လူတွေက သူတို့တက်တူးကို လူသိမခံကြတာများပါတယ်။ ဂျပန်နိုင်ငံက အချို့ဟိုတယ်တွေ၊ Gym တွေနဲ့ ရေချိုးခန်းတွေမှာ တက်တူးထိုးထားတဲ့သူတွေဆို လက်မခံပါဘူး။

ထိုင်းနိုင်ငံမှာ ပိုက်ဆံပေါ်တက်နင်းလို့ မရပါဘူး။

ထိုင်းနိုင်ငံရဲ့လမ်းတွေပေါ်မှာ လမ်းလျှောက်ရင် အထူးဂရုစိုက်ပါ။ ပိုက်ဆံပေါ်တက်နင်းမိတာမျိုးကို ထိုင်းလူမျိုးတွေက ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *