ကမ္ဘာ့ပထမဦးဆုံး လေပေါ် Taxi Volocopter ကို နောက်နှစ်ကစပြီးပြေးဆွဲတော့မည်

ဂျာမဏီနိုင်ငံရှိ Volocopter ထုတ်လုပ်တဲ့ ကုမ္ပဏီက နောက်နှစ်အတွင်းမှာ ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများတွင် လေပေါ် Taxi Volocopter ကို ပြေးဆွဲတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Volocopter ဟာ Battery ဖြင့် ပျံသန်းမှာဖြစ်ပြီး Drone ကို အခြေခံကာ တည်ဆောက်ထားတာဖြစ်ပါတယ်။ Volocopter တည်ဆောက်မည့် အစီ အစဉ်ဟာBerlinမှာကျင်းပတဲ့ Greentech နည်းပညာပြပွဲမှ ထွက်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်။ Greentech ပွဲကို Formula One World Champion ဖြစ်တဲ့ Nico Rosberg က ဦးဆောင်ပြီး နှစ်စဉ်ကျင်း ပနေတာ ဖြစ်ပါ တယ်။

Rosberg က ၎င်းဟာ နောက် ၁၀နှစ်မဟုတ်ပါဘူး၊ နောက်နှစ်အကုန်မှာစတင်ပြီး ပျံသန်းမှာဖြစ်ကြောင်း၊ Dubai၊ Singapore နှင့် Germany အစရှိတဲ့ နိုင်ငံများမှာ စတင်ပြီး ပျံသန်းတော့မှာဖြစ်ကြောင်း ပြောပြသွားပါတယ်။ German Volocopter ကုမ္ပဏီ၏ ပြောပြချက်အရ ၎င်းလေပေါ် Taxi ဟာ ခရီးသည်(၂)ဦး တင်နိုင်မှာဖြစ်ပြီး တစ် ခါပျံသန်းပြီးတိုင်းမှာ Volo-Hubs နှင့် Volo-Ports ရှိတဲ့နေရာတွင် Battery လဲလှယ်မှုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Volocopter မှာ ခရီးသည်များ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး အထူးစီမံထားတယ်လို့သိရပါတယ်။ သူ့ရဲ့ ပျံ သန်းပုံကတော့ မြေပေါ်မှ စတင်ထွက်ခွာချိန်တွင် ဒေါင်လိုက်အနေအထားဖြင့် ထွက်ခွာပြီး အလျားလိုက် အနေအထား ဖြင့် လိုရာခရီးကို ပျံသန်းမှာဖြစ်ပါတယ်။ Volocopter ပျံသန်းနိုင်မယ့် အမြင့်ကတော့ ၂၇ ကီလိုမီတာကျော် ဖြစ် တယ် လို့သိရပါတယ်။

Volocopter ကိုထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူတွေအားလုံး အဆင်ပြေလုံခြုံချောမွေ့ပြီး အချိန်တိုအတွင်း လို ရာခရီးကိုသွားလာနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ထို့ပြင် သူဌေးမှ မဟုတ်ပဲ လူတိုင်းစီးနိုင်ဖို့အတွက် Volocopter အသုံးပြု ခ ဈေးနှုန်းကို ယခုလက်ရှိ ကား Taxi စီးတဲ့ ဈေးနှုန်းအတိုင်း သွားလို့ရအောင် စီစဉ်သွားမှာဖြစ်ကြောင်း Rosberg က ပြောပြသွားခဲ့ပါတယ်။

Volocopter Taxi ဟာ လူတွေအားလုံးအတွက် အလွန်ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ရေရှည် အသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်ထားပြီး လူတွေအားလုံးကလည်း Volocopter Taxi ကို လက်ခံကြလိမ့်မယ်ဆိုတာ ယုံကြည်ကြောင်း Rosberg ကပြောခဲ့ပါတယ်။ လက်ရှိမှာတော့ Volocopter Taxi တွင် သေးငယ်တဲ့ လိုအပ်ချက် တစ်ချို့ကျန် ရှိနေ သေးတာ ဖြစ်တဲ့အတွက် နောက်နှစ်အကုန်လောက်မှာ စပြီးပြေးဆွဲသွားမှာဖြစ်ပြီး မပြေးဆွဲမီမှာပဲ စမ်းသပ်မှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်တဲ့အတွက် မကြာတော့တဲ့အချိန်မှာ Volocopter Taxi တွေ မြို့ထဲမှာ ပျံဝဲနေတဲ့ မြင်ကွင်းကို တွေ့မြင် ရတော့မှာ ဖြစ်ကြောင်း Rosberg က ပြောခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *