ကမ္ဘာ့ပထမဦးဆုံး သွေးလွန်တုတ်ကွေးကာကွယ်ဆေး Dengvaxia ကိုထိုးပြီးနောက် ၁၀နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

ပြင်သစ်နိုင်ငံရှိ Sanofi Pasteur ကုမ္ပဏီက ထုတ်လိုက်တဲ့ ကမ္ဘာ့ပထမဦးဆုံး သွေးလွန်တုတ်ကွေးကာကွယ်ဆေး (Dengvaxia) ကို ထိုးပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ၁၀နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

ရောဂါဗေဒကျွမ်းကျင်သူ ၂ဦးနှင့် မှုခင်းဆရာဝန် တွေကတော့ ကာကွယ်ဆေးမှာ ပါရှိတဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးရတာဖြစ်ကြောင်းကို အတည်ပြု ပြောဆိုထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မှုခင်းဆရာဝန်ပြောတာကတော့ “ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ရောဂါကြောင့် သူ့ရဲ့ အဆုတ်၊ အသည်း၊ နှလုံးနဲ့ အစာအိမ်က သွေးတွေအများကြီး ထွက်နေပါတယ်။ ဒါက Dengvaxia ထိုးလို့ ဖြစ်တာပါ” လို့ ပြောပါတယ်။

နိုင်ဝင်ဘာလတုန်းကတော့ Sanofi Pasteur ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဦးဆုံး သွေးလွန်တုတ်ကွေး ကာကွယ်ဆေးဟာ ရောဂါပိုးတစ်ခါမှ ကူးစက်မခံရသေးတဲ့ လူတွေအတွက်တော့ ပြင်းထန်တဲ့ ရောဂါဖြစ်ပွားနိုင်ချေ ရှိတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။

အခုလို သေဆုံးသွားတဲ့ သတင်းကြောင့် ဖိလစ်ပိုင်ရှိ ကာကွယ်ဆေးထိုးပြီးပြီဖြစ်တဲ့ ကျောင်းသားအရွယ် ကလေးသူငယ် ၈သိန်းကျော်ရဲ့ မိဘတွေဟာ စိတ်ပူနေကြပြီး သူတို့ကလေးတွေကို သွေးစစ်ဖို့အတွက် စုပြုံနေကြတယ်လို့ သိရှိရပါတယ်။

Sanofi Pasteur ကုမ္ပဏီကိုလည်း ဖိလစ်ပိုင်အစိုးရက ကုန်ပစ္စည်းမှတ်ပုံတင် ဥပဒေချိုးဖောက်မှုနဲ့ ဒေါ်လာ ၂ထောင်ဒဏ်ရိုက်ထားတယ်လို့လည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published.