ကမ္ဘာ့သြဇာအရှိဆုံး နိုင်ငံကူးလက်မှတ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ

Henley နိုင်ငံကူးလက်မှတ်စီစစ်ရေးအဖွဲ့အစည်းက ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံကူးလက်ျွှတ် Passport စာရင်းကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။အဲဒီစာရင်းမှာ နံပါတ်(၁)နေရာကို ရသွားတာကတော့ စင်ကာပူနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ Passport တို့ပဲဖြစ်ပါတယ်။

အဲဒီ Passport (၂)ခုဟာ ကမ္ဘာပေါ်ရှိ Passport အားလုံးထက် သြဇာပါဝါကြီးမားရတဲ့ အကြောင်းကတော့ ပြည်ဝင်ခွင့် Visa မလိုပဲ သွားရောက်နိုင်တဲ့ နိုင်ငံအရေအတွက် အများဆုံးဖြစ်လို့ပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ Passport နှင့် ဂျပန်နိုင်ငံ Passport ကို ကိုင်ဆောင်ထားတဲ့လူတစ်ယောက်ဟာ ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၈၉)နိုင်ငံကို Visa မလိုပဲ သွားလာနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့သြဇာအာဏာအရှိဆုံးPassportစာရင်းတွင် အဆင့်(၁)မှအဆင့်(၁၀)အတွင်းဝင်သွားတဲ့ နိုင်ငံများက တော့-

  1. Japan,Singapore
  2. Germany,South Korea
  3. Denmark,Italy,Luxembourg
  4. France,Sweden,Spain
  5. Austria,Netherlands,Portugal,Switzerland
  6. Norway,UK,USA,Belgium,Canada,Greece,Ireland
  7. Malta
  8. Czech Republic
  9. Australia,Iceland,New Zealand,Lithuania
  10. Latvia,Slovakia,Slovenia တို့ဖြစ်ကြပါတယ်။

ထူးခြားချက်တစ်ခုကတော့ အာရပ်စောဘွားများပြည်ထောင်စုရဲ့ Passport ဟာ အဆင့်(၁)မှအဆင့်(၂၀)အတွင်း ပါ ဝင်လာခြင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ၎င်းတို့ရဲ့ Passport ၏ Visa မပါပဲသွားနိုင်တဲ့ နိုင်ငံအရေ အတွက်ဟာ ယခုသွားနိုင်တဲ့ အရေအတွက်ထက် (၂)ဆ နည်းခဲ့တာဖြစ်ပြီး ယခုမှာတော့ (၁၆၇)နိုင်ငံအထိသွားနိုင်ပြီလို့ သိရပါတယ်။

စာရင်းရဲ့ နောက်ဆုံးအဆင့်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး သူ့ Passport ဖြင့် နိုင်ငံပေါင်း (၂၅)နိုင်ငံကို Visa မလိုပဲ သွားရောက်နိုင်မှာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ အပေါ်မှာတော့ နိုင်ငံပေါင်း (၂၉)နိုင်ငံကို Visa မလိုပဲ သွား နိုင်တဲ့ အီရတ်နိုင်ငံဖြစ်ပြီး အီရတ်ရဲ့ အပေါ်မှာတော့ နိုင်ငံပေါင်း (၃၃)နိုင်ငံကို သွားနိုင်တဲ့ ပါကစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *