ကမ္ဘာ့အချမ်းသာဆုံး အဆင့် (၁၁) စာရင်းဝင် သူဌေးကြီး David Koch ကွယ်လွန်

Kansas ပြည်နယ် Wichita မြို့တွင် ဖွားမြင်ခဲ့တဲ့ ကမ္ဘာ့ အချမ်းသာဆုံး အဆင့် (၁၁) သူဌေးကြီး David Koch ဟာ အသက် (၇၉)နှစ် ဩဂုတ်လ ၂၃ရက် သောကြာနေ့တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ၏ညီဖြစ်သူ Charles Koch ပြောပြချက်အရသိရပါတယ်။ David Koch ဟာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ပရဟိတ လုပ် ငန်းတွင်လည်း စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့တဲ့လူတစ်ဦးဖြစ်ပါတယ်။

David Koch ဟာ သူ့ရဲ့ ညီဖြစ်သူ Charles Koch နှင့် Koch စက်မှုလုပ်ငန်းကြီးကို တည်ထောင်ခဲ့ပြီး သူတို့ ညီ အစ်ကိုနှစ်ယောက်ရဲ့လုပ်ငန်းဟာ အမေရိကန်မှာ အကြီးဆုံးသော ပုဂ္ဂလိကပိုင်ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်အထိ အောင်မြင်လာခဲ့သလို ကမ္ဘာ့အဆင့် (၁၁) အချမ်းသာဆုံး စာရင်းဝင်သည်အထိဖြစ်လာခဲ့ပါတယ်။ David Koch ဟာ libertarian ဝါဒကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည့် အားလျှော်စွာ Republican ပါတီမဲနိုင်ဖို့အရေးကို များစွာ ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာ Libertarian တစ်ဦးအနေနဲ့ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံ ခဲ့ ပါသေးတယ်။

Forbes မဂ္ဂဇင်း၏ဖော်ပြချက်အရ David Koch ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ42.4 ဘီလီယံ(£34.7bn) ရှိပြီး သူ့ရဲ့ စက်ရုံအလုပ်ရုံတွေ အားလုံးရဲ့ ဝန်ထမ်းစုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ David Koch ဟာ လွန်ခဲ့တဲ့ ၂၇နှစ်လောက်ကစလို့ ဆီးကျိတ်ကင်ဆာရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး ထိုအချိန်ကစလို့ ပရဟိတလုပ်ငန်းများကို ပြုလုပ် ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Koch လုပ်ငန်းမှ အနားယူလိုက်ပါတယ်။ David Koch ဟာ New York ရှိ Lincoln Center ၊ Memorial Sloan Kettering ဆေးရုံရှိ Cancer Center နှင့် American Civil Liberties Union အဖွဲ့အစည်းတို့ကို အများဆုံး ကူညီထောက်ပံ့ပေးခဲ့သူဖြစ်ပြီး အနုပညာဘက်မှာဆိုရင်လည်း ဘဲလေးအက အတွက် အများဆုံး ထောက်ပံ့ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

David Koch ဟာ ကင်ဆာဖြစ်ပြီး နောက်ပိုင်းမှာ သူ၏ဇနီးဖြစ်သူ Julia Flesher နှင့် လက်ထပ်ခဲ့ကာ ကလေး (၃)ယောက် ဖွားမြင်ခဲ့ပါသေးတယ်။ Charles Koch ၏ပြောပြချက်အရ ဆီးကြိတ်ကင်ဆာရောဂါဖြစ်နေပြီးလို့ သိရတဲ့ အချိန်မှာ ဆရာဝန်များ၏ပြောပြချက်အရ အသက်ရှင်ဖို့ နှစ်အနည်းငယ်သာကျန်တော့တာဖြစ်ပါတယ်။ သို့သော် ဆရာ ဝန်ကြီးများ၏ ဝိုင်းဝန်းစောင့်ရှောက်မှုနဲ့ David Koch ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကြောင့် နှစ် (၂၀)ကျော် အသက် ရှင်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *