ကမ္ဘာ့ ဆိုက်ဘာ လောကကို ၂၀၃၅ မှာဦးဆောင်နိုင်ရမယ်လို့ တရုတ်ရည်မှန်းထား

စက်ရုံနဲ့ သတင်းအချက်အလက်ဝန်ကြီးဖြစ်တဲ့ မီအိုယုက “တရုတ်ဟာ  ၂၀၃၅ မှာဆိုင်ဘာလောကကို ဦးဆောင်နိုင်ဖို့အတွက်ကိုယ်တိုင်ကြိုးစားတည်ဆောက်သွားမယ်လို့ ဒီဇင်ဘာလ ၂၅ရက်နေ့က ပြောကြားလိုက်ပါတယ်။

လာမယ့်နှစ်မှာ နည်းပညာ နဲ့ အင်တာနက် အက်ပလီကေးရှင်း ဖွံ့ဖြိုးလာမှုအတွက် တရုတ်ကကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့ သူကမှတ်ချက်ပြုပါတယ်။

“ပန်းတိုင်ကိုရောက်ရှိဖို့အတွက် တရုတ်ဟာ ဗျူဟာကျတဲ့ ပရောဂျက် အပိုင်းငယ်တွေကို စတင်လုပ်ဆောင်နေပြီး နည်းပညာရဲ့ အဓိက လုပ်ဆောင်ချက်တွေကို ထိုးဖောက်ကျော်လွှားဖို့ ရှာဖွေလုပ်ဆောင်ချက်တွေပါဝင်ပြီး အင်တာနက်ကို အရှိန်မြှင့်တင် သွားတာတွေလည်းပါဝင်တယ်လို့” သူကပြောပါတယ်။

သူ့အမြင်မှာတော့ အင်တာနက်၊ ကြီးမားတဲ့ အချက်အလက်တွေ၊ မှတ်ဉာဏ်တုလို့ခေါ်တဲ့ AI နဲ့ ကုန်ထုတ်လုပ်မှု တွေ အတွင်းကျကျ ပေါင်းစပ်တာတွေ လုပ်ဆောင်ဖို့အတွက် တွန်းအားပေးသင့်တယ်လို့ သူကမြင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ လှုံ့ဆော်အားပေးမှုတွေအတွက် လမ်းညွှန်ချက်အများကြီးတွေကို ထုတ်ပြန်သင့်တယ်လို့လည်း သူကပြောပါတယ်။ စည်းမျဉ်းစည်းကမ်တွေကို အားကောင်းအောင်လုပ်ဖို့ ကတိကဝတ်ပြုတာဟာလည်း ကိုယ့်သတင်းအချက်အလက်ကို ကာကွယ်ဖို့နဲ့ အွန်လိုင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ပိုကောင်းတယ်လို့ သူကထပ်ပြောပါတယ်။

ကြီးမားတဲ့ အချက်အလက်နဲ့ မှတ်ဉာဏ်တုတွေ ဖြစ်ကြတဲ့ မြင့်မားတဲ့နည်းပညာတွေ ကျယ်ပြန့်လာတဲ့အချိန်မှာ ရိုးရာစက်မှုလုပ်ငန်းတွေကို ပြန်လည်မြှင့်တင်ဖို့လိုအပ်လာပြီး ဒစ်ဂျစ်တယ်နည်းပညာ မြင့်မားလာတာက တရုတ်ရဲ့စီးပွားရေးကို သိသိသာသာ ပြောင်းလဲစေပါတယ်။

၂၀၁၇ ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အင်တာနက်ဖွံ့ဖြိုးလာမှုအစီရင်ခံစာမှာ ၂၀၁၇ ဇွန်လမှာ ကမ္ဘာမှာအင်တာနက်အသုံးပြုသူဦးရေ ၃.၈၉ ဘီလီယံထိရှိခဲ့ပြီး အဲ့ထဲကမှ ၇၅၁ မီလီယံ ဟာ တရုတ်ကအသုံးပြုသူတွေဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့အင်တာနက်အသုံးပြုမှုဟာ ဒစ်ဂျစ်တယ်စီးပွားရေးအတွက် စွန့်စားချင်သူတွေအတွက် သိသာတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီး မိုဘိုင်းပေးချေမှုနဲ့ အခြားကဏ္ဍတွေထွက်ပေါ်လာတာကလည်း သူတို့တွေအတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

မနှစ်ကနဲ့ ယှဉ်ကြည့်လိုက်ရင် 4G အင်တာနက် ပုံမှန် အမြန်နှုန်းဟာ ၂၀၁၇ မှာ ၃၀ % ထိတိုးတက်လာပါတယ်။

Leave a comment

Your email address will not be published.