ကမ္ဘာ့ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေး စနစ်ကို Tesla မှ တည်ဆောက်

အမေရိကန်နိုင်ငံမှာရှိတဲ့ Tesla ကုမ္ပဏီဟာ လျှပ်စစ် စွမ်းအင်သုံးကားများ ထုတ်လုပ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး သဘာဝစွမ်းအင်သုံး ဘက်ထရီများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာလည်း ကမ္ဘာ့အကြီးဆုံး Lithium ဘက်ထရီကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ တောင်သြစတေးလျပြည်နယ်တွင် အိမ်အလုံး ၅သောင်းကို Tesla ဘက်ထရီဖြင့် တပ်ဆင်ရန် ရည်ရွယ်ထားပြီးဖြစ်ပါတယ်။ Tesla ဘက်ထရီဆိုသည်မှာ သဘာဝစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသိမ်းဆည်းပေးသော ဘက်ထရီများကို ဆိုလိုပါတယ်။ ယခု တောင်သြစတေးလျပြည်နယ်တွင် အိမ်ပေါင်း ၆သောင်း ၅ထောင်ကျော်မှ Tesla ဘက်ထရီများ တပ်ဆင်ရန် စာရင်းပေးသွင်း ထားကြောင်းလည်း သိရပါတယ်။

Tesla ဘက်ထရီသည် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင် အဖြစ်သို့ ပြန်ထုတ်ပေးနိုင်သောကြောင့် လူများ လျှပ်စစ်အသုံးပြုရာတွင် စာရိတ်အလွန် သက်သာမှာ ဖြစ်ပါတယ်။ Tesla ဘက်ထရီကို တပ်ဆင်ခပေးရန်မလိုပဲ ကုမ္ပဏီမှ အခမဲ့တပ်ဆင် ပေးနေတာဖြစ်ပါတယ်။ ၎င်းဟာ လုံလောက်တဲ့ လျှပ်စစ်ပမာဏကို ထုတ်ပေးနိုင်သောကြောင့် လျှပ်စစ်စွမ်းအင် မလုံလောက်ခြင်းကို ပူပန်စရာမလိုတော့ပါ။ တောင်သြစတေးလျပြည်နယ်တွင် နေထိုင်နေသော လူ ၁၇သိန်းတို့ဟာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်ခြင်းကို ခံစားနေကြရပါတယ်။ ဒီပြဿနာကို Tesla ကုမ္ပဏီက ဖြေရှင်းပေးရန် ကြိုးစားနေပါတယ်။

Leave a comment

Your email address will not be published.