ကမ္ဘာ့ အကြီးဆုံး Falcon Heavy အာကာသဒုံးပျံကို အမေရိကန်မှ လွှတ်တင်လိုက်ပြီဖြစ်ပါတယ်

Falcon Heavy လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံးအာကာသ ဒုံးပျံကို ဖေဖော်ဝါရီလ ၇ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစခန်းမှ လွှတ်တင်လိုက်ပြီးဖြစ်ပါတယ်။

Falcon Heavy ကို Space X အာကာသ ကုမ္ပဏီကို တည်ထောင်ခဲ့သော စွန့်ဦးတင်ထွင် အီလော်န် မာ့စ်ခ်က ဦးဆောင်ပြီး လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီဒုံးပျံဟာ ကမ္ဘာပေါ်ရှိ ဘယ်ဒုံးပျံမျိုးထက် မဆို ကုန်ပစ္စည်းအလေးချိန် ၂ဆကျော် သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ယခု အခါက ပထမဦးဆုံးအကြိမ် စမ်းသပ်လွှတ်တင်ခြင်းဖြစ်တဲ့ အတွက် အခြားပစ္စည်းတွေ မတင်ဆောင်သွားပဲ မာ့စ်ခ်ရဲ့ ပြိုင်ကားအဟောင်းကို ပဲထည့်ပေးလိုက်တယ်လို့ သိရှိရပါတယ်။ Falcon Heavy ဒုံးပျံကို မားစ်ဂြိုလ်ထိရောက်အောင် ပစ်လွှတ်မလို့ ရည်ရွယ်ထားသဖြင့် ပစ်လွှတ်မှု အောင်မြင်ရန် ရာခိုင်နှုန်းအလွန်နည်းတယ်လို့ သိရပါတယ်။ ပစ်လွှတ်မှု အောင်မြင်လာ မအောင်မြင်လားဆိုတဲ့ အသေးစိတ် အခြေအနေကိုတော့ ပစ်လွှတ်ပြီး ၇နာရီလောက် ကြာမှ ကမ္ဘာမြေပြင်မှ သိရှိရမှာဖြစ်တဲ့အတွက် အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *