ကမ္ဘောဒီးယားရှိ Angkor Wat ဘုရားကျောင်းတွင် ၂၀၂၀ခုနှစ်မှစ၍ ဆင်စီးပြီးသွားလာခွင့်ကို ရပ်ဆိုင်းတော့မည်

ကမ္ဘောဒီးယားရဲ့ နာမည်ကြီးတဲ့ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းကြီးဖြစ်တဲ့AngkorWat ဘုရားကျောင်းဟာ နိုင်ငံခြား ခရီးသွားတွေအလွန်နှစ်သက်သဘောကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ခရီးသွားဧည့်သည်များဟာAngkorWat ဘုရား ကျောင်းကြီးကို လှည့်လည်သွားလာဖို့အတွက် ဆင်စီးပြီးသွားလေ့ရှိကြပါတယ်။ သို့သော် ၂၀၂၀ခုနှစ်ကစလို့ ဆင်စီး ပြီးသွားလာခွင့် ရတော့မှာမဟုတ်ပါဘူး။ Angkor Wat ရှိ ဆင်များထိန်းသိမ်းရေးအဖွဲ့က ၂၀၂၀ခုနှစ်မှစပြီး ခရီး သွားတွေအားလုံး Angkor Wat ထဲရှိဆင်များနှင့် လည်ပတ်ခြင်းကို ရပ်နားတော့မှာဖြစ်ကြောင်း ကြေငြာချက် ထုတ် လိုက်ပြီးဖြစ်ပါတယ်။

Angkor Wat ဘုရားကျောင်းရှိ ဆင်များထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ၏ပြောပြချက်အရ Angkor Wat ကို နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၂.၅သန်း လောက်လာရောက်လည်ပတ်နေကြတာဖြစ်ပြီး အများစုကဆင်များကို စီးပြီး လည်ပတ်ကြပါတယ်။ ထို့ကြောင့် ဆင်များဟာ နားချိန်မရပဲ နေတိုင်းခရီးသည်တွေကို သယ်ယူပို့ဆောင်မှုတွေ ပြုလုပ် ပေးနေရတဲ့အတွက် ဆင်များ၏ကျန်းမာရေးထိခိုက်လာပြီး နာမကျန်းဖြစ်ကာ နှစ်စဉ်နှစ်တိုင်း ဆင်များသေ ဆုံးနေရတာ ဖြစ်ပါတယ်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်ကစပြီးဆင်များဖြင့် လှည့်ပတ်သွားလာခြင်းကို ရပ်တန့်တော့မှာဖြစ်ကြောင်း သိရှိ ရပါတယ်။

ဆင်များကိုအခုလိုခိုင်းစေနေတာဟာလည်းသဘာ၀တောရိုင်းတိရိစ္ဆာန်ဥပဒေနဲ့ကိုက်ညီမှုမရှိပေမယ့်မျိုးရိုးစဉ် ဆက် အလိုက် ခွင့်ပြုခဲ့တဲ့အတွက်AngkorWatလို့ကြားလိုက်တာနဲ့ ဆင်စီးပြီးသွားရတယ်ဆိုတာက အမှတ်အသားတစ်ခု လို ဖြစ်နေပါတယ်။သို့သော်ယခုလိုဆင်များကို ဥပဒေအတိုင်း ထိန်းသိမ်းလိုက်တဲ့အတွက် မျိုးတုန်းတော့မယ့် ဆင်မျိုးနွယ် တွေ ကို ထိန်းသိမ်းရာလည်းရောက်ပါတယ်။

AngkorWatဆင်ထိန်းသိမ်းရေးအဖွဲ့၏ ပြောပြချက်အရ ၂၀၂၀ခုနှစ် အစပိုင်းတွင် လာရောက်လည်ပတ်တဲ့ ဧည့်သည် များအားလုံး ဆင်စီးခွင့်ရတော့မှာ မဟုတ်ပါဘူး။ သို့သော် သူတို့ရဲ့ ဆင်မွေးမြူရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စ ခန်းမှာတော့ ဆင်များကိုတွေ့မြင်နိုင်မှာဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်းနှင့် အစာကျွေးခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိ ရှိရပါတယ်။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *