ကယ်လီဖိုးနီးယားရှိ တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးစောင့်ရှောက်ရန် အစိုးရက ဒေါ်လာ ၂၁၄.၈ ဘီလီယံ ဘတ်ဂျက်ချပေး

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးGavin Newsom ထံသို့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် အစီအစဉ်များနှင့်တကွ ဘတ်ဂျက် ဒေါ်လာ 214.8 ဘီလီယံခွင့်ပြုပေးလိုက်ကြောင်း သိရှိ ရပါတယ်။ Gavin Newsom အနေနဲ့ ၎င်းအစီအစဉ်များကို လက်ခံဖို့ရန်အတွက် စဉ်းစားချိန် ၁၂ရက် ကျန်ပါသေး တယ်။ Gavin Newsom ကလည်း လက်မှတ်ထိုးရန်အတွက် စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။

ဘတ်ဂျက်အစီအစဉ်တွေထဲမှာ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးအာမခံပေးဖို့အတွက်ဖြစ်ပါတယ်။ ရွှေ့ပြောင်း လုပ်သား (၄)ဦးရှိပြီး မိသားစုတစ်နှစ်ဝင်ငွေဒေါ်လာ150,500 အောက်ရရှိသော မိသားစုတိုင်းဟာ ၂၀၁၉မှ ၂၀၂၅ ခုနှစ်အထိ အစိုးကပေးတဲ့ ကျန်းမာရေးအာမခံကို ရရှိကြမှာဖြစ်ပါတယ်။ လူဦးရေ ၉၀၀၀၀ အတွက် ဒေါ်လာ 98သန်း အဖြစ် သတ်မှတ်ထားပါတယ်။

ဒေါ်လာ 17.1 သန်းကိုတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် အသုံးပြုမှာ ဖြစ်ပြီးဒေါ်လာ5သန်းကိုတော့ အိမ်ရှိသော ပြောင်းရွှေ့လုပ်သားများ၏ အိမ်အမိုးအကာများကို ပြင်ဖို့ရန်အတွက် ဖြစ်တယ် လို့သိရပါတယ်။ ထို့အပြင် ဒေါ်လာ 650သန်းကို အိမ်ခြေမဲ့များနှင့် ရေစက်များကို ထိန်းရန်အတွက် အသုံးပြုမှဖြစ်ပြီး ဒေါ် လာ500သန်းကိုတော့ အငှားလူနေအိမ်များ ဆောက်လုပ်ဖို့ရန်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရ ပါ တယ်။ နိုင်ငံသားများ အနေဖြင့် လည်းကျန်းမာရေးအာမခံကိုမဖြစ်မနေပြုလုပ်ရမှာဖြစ်ပြီးပျက်ကွက်သူများကိုအခွန် ကောက်ခံသွား မှာဖြစ်ပါတယ်။

ရီပတ်ပလစ်ကန် ဥပဒေပြုအဖွဲ့သားများကတော့ ၎င်းအစီအစဉ်ကို ကန့်ကွက်နေကြပါတယ်။ ၎င်းအစီအစဉ်မှာ အသုံး ပြုမယ့်ငွေတွေဟာ အခွန်ထမ်းပြည်သူတွေထံမှ ရရှိလာတဲ့ ငွေတွေဖြစ်ပြီး ၎င်းငွေတွေဟာ ပြည်သူတွေ အတွက် ပဲဖြစ် သင့်ပြီး နိုင်ငံသားမဟုတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

Gavin Newsom ကတော့ ကျွန်တော်တို့ အားလုံးရှာဖွေ နေတဲ့ ငွေတွေကို ဇိမ်ခံဖို့လောက်ပဲ အသုံးပြုနေမယ်ဆိုရင် နောင်ရေးမှာအဆင်မပြေဖြစ်လာနိုင်ကြောင်း၊ထို့ကြောင့် ၎င်းငွေတွေကို ဇိမ်ခံပစ္စည်းတွေအပေါ်မှာ အသုံးမပြုပဲ ကျန်း မာရေးဆိုင်ရာ အာမခံချက်ထားလိုက်မယ်ဆိုရင် ပိုပြီးအကျိုးရှိမှာဖြစ်ကြောင်း ပြောသွားပါတယ်။ နောက်လာမယ့် နှစ် တွေမှာ ကယ်လီဖိုးနီးယားတစ်ပြည်နယ်လုံးရှိ ပြည်သူအားလုံးဟာ ကျန်းမာရေးအာမခံ ထားပြီးသူတွေအဖြစ် ပြောင်းလဲ သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *