ကယ်လီဖိုးနီးယားရှိ တောမီးကို ၄၀ရာနှုန်းအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ကယ်လီဖိုးနီးယားရှိ ဆန်တာဘာဘရာပြည်နယ်တွင် လောင်ကျွမ်းနေသော တောမီးဟာ ဒီဇင်ဘာ ၁၆ရက်နေ့တွင် ပိုမိုအားကောင်းလာပြီး ပြည်နယ်သမိုင်းတွင် တတိယမြောက်အကြီးဆုံး တောမီးအဆင့်သို့ရောက်ရှိ ခဲ့ပြီး သတ္တမမြောက်အပျက်အဆီးအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယား၏ တောမီးကာကွယ်ရေး အကြီးအကဲ၏ပြောကြားချက်အရ တောမီးဟာ ဆန်တာဘာဘရာရဲ့ အရှေ့ခြမ်းတစ်လျှောက် ခန့်မှန်း ဧက ၄ထောင် လောက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက်ပိုင်းမှာတော့ တောမီးလောင်မှု၏ ၄၀ရာနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါတောမီးအတွက် မီးသတ်တပ်ဖွဲ့ဝင် ၈၅၀၀ နီးပါး၊ မီးသတ်ကား ၁၀၀၀ခန့်နှင့် မီးသတ်ရဟတ်ယာဉ် ၃၂စီး တို့ကို အသုံးပြုထားရတယ်လို့ သိရပါတယ်။

ဆန်တာဘာဘရာ၏ မီးသတ်တပ်ဖွဲ့ဝင်အကြီးအကဲကတော့ အဆိုပါတောမီးကို မကောင်းဆိုးဝါးလို့ အမည်ပေးထားပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ၎င်းမီးကို အဆုံးသတ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *