ကလေးတွေရဲ့ နှာခေါင်းထဲမှ ဘက်တီရီးယားနဲ့ ဗိုင်းရပ်တွေက အဆုတ်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေဖြစ်ရခြင်းရဲ့ အဓိက တရားခံဖြစ်ကြောင်း ရှာဖွေတွေ့ရှိ

ကမ္ဘာတစ်ဝန်းက အသက် ၅နှစ်အောက် ခလေးငယ်တွေအတွက် အထူးသတိထားရမယ့် ရောဂါတွေထဲမှာ အဆုတ် နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ကလေးတွေရဲ့ နှာခေါင်းထဲမှာရှိတဲ့ ဘက်တီရီးယား နဲ့ ဗိုင်းရပ်တွေဟာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကူးစက်ရာဂါအဖြစ် ပြောင်းလဲသွားတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သုတေသီတွေမှ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေဟာ ကလေးတွေမှာပဲ အဖြစ်များနေရတာ ဘာ ကြောင့်လဲဆိုတဲ့ အဖြေကို ရှာဖွေနေတာ အတော်ကြာခဲ့ပါပြီး။ အခုလို ဖြေကိုရှာတွေ့ခြင်းကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ ကူးစက်ရောဂါတွေကို တားဆီးနိုင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။ အီဒင်ဘတ် တက္ကသိုလ်မှ သု တေသီတွေရဲ့ တွေ့ရှိချက်များအရ ရောဂါကူးစက်ခံထားရတဲ့ ကလေးတွေရဲ့ ရောဂါလက္ခဏာကို ကြည့်ပြီး ကလေးဟာ ဆေးရုံမှာ ဘယ်လောက်ထိနေရမလဲဆိုတာကို ဆရာဝန်တွေက ကြိုပြောနိုင်ပြီဖြစ်ပါတယ်။

အီဒင်ဘတ် တက္ကသိုလ် University of Edinburgh မှ သုတေသီများက နယ်သာလန် ရှိ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်ရာဂါကြောင့် ဆေးရုံတင်ထားရတဲ့ အသက် ၆နှစ်အောက် ကလေးငယ် ၁၅၀ ကို လေ့လာစောင့် ကြည့်ပြီး ရလာတဲ့ အဖြေတွေကို ကျန်းမာတဲ့ ကလေးငယ် အယောက်၃၀၀ နဲ့ နှိုင်းယှဉ်ကြည့်ပြီး အဖြေကိုရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။သုတေသီတွေဟာ ဆေးရုံတင်ထားရတဲ့ ကလေးတွေရဲ့ နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းရဲ့ နောက်ဘက်မှာရှိနေတဲ့ microbiome မှတစ်ဆင့် ဗိုင်းရပ်တွေအဖြင့်ပြောင်းလဲနေတာကို ရှာဖွေတွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

Source : BBC

Leave a comment

Your email address will not be published. Required fields are marked *