ကလေးမမွေးခင် ခရီးသွားသင့်သည့်(၆)နိုင်ငံ

သင်မိဘမဖြစ်ခင်မှာဖော်ပြပါနိုင်ငံများထဲမှ အနည်းဆုံးတစ်နိုင်ငံကို သင်သွားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရမဲ့ အတွေ့အကြုံတွေနဲ့စိတ်ဝင်စားစရာတွေကို သင့်ကလေးတွေအတွက် ပုံပြင်ကောင်းတစ်ပုဒ်အနေနဲ့ ပြောပြနိုင်ပါလိမ့်မယ်။

မော်ဒိုက်ကမ်းခြေ

သင်ကလေးမရခင် မော်ဒိုက်ကမ်းခြေကိုသွားဖို့ အကြုံပြုပါရစေ။ ဘာလို့လဲဆိုတော့ သင်ကလေးရလာတဲ့အခါ ကလေးတွေကိုခေါ်သွားခဲ့ရင် စရိတ်စကအလွန်ကြီးသောကြောင့် ဖြစ်တယ်။ အိန္ဒိယ သမုဒ္ဒရာ အောက်မှာရှိနေတဲ့ လှပတဲ့ သန္တာကျောက်တန်း ၂၆ခု ဟာ သင်မော်ဒိုက်ကမ်းခြေကို သွားလည်သင့်တဲ့ အကြောင်းရင်းလဲဖြစ်တယ်။

Milford Track, နယူးဇီလန် နိုင်ငံ

ဤနေရာသည် နယူးဇီလန်နိုင်ငံ၏ အမြင့်ဆုံးရေတံခွန် ကွေ့ကောက်စီးဆင်းနေသော တောင်ကြားမြစ်များ ဖြတ်သန်းစီးဆင်းရာ နေရာတစ်ခုဖြစ်ပါတယ်။ သင်ဤနေရာရောက်ရင် မြစ်ဘေးတွင်ရှိနေသော လှပသည့် ကမ်းပါးကျောက်ဆောင်များကိုလည်း လည်ပတ်ရန်အကြုံပေးပါရစေ။ ဘာလို့လဲဆိုတော့ သင်ကလေးရလာတဲ့အခါ ဒီလိုနေရာမျိုးကို သွားလည်ပတ်ဖို့ အချိန်ရချင်မှရတော့မှာဖြစ်ပါတယ်။

ကမ်ဘောဒီးယား နိုင်ငံ

ကမ်ဘောဒီးယား နိုင်ငံသည် ယဉ်ကျေးမှုအမွေနှစ်များ ထွန်းကားသောနိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့သောအခါက ဗုံးများကြောင့် ခရီးသွားပြည်သူများအတွက် စိတ်အနှောင့်ယှက် ဖြစ်စရာကောင်းခဲ့တဲ့နေရာဖြစ်သော်လည်း ယခုအခါတွင် အဆင်ပြေချောမွေ့စွာသွားနိုင်နေပြီဖြစ်ပါတယ်။

Machu Picchu


ရာသီဥတု ပြင်းထန်သောနေရာ တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ၈၀၀၀ကျော်တွင် တည်ရှိနေသော နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ သွားလာဖို့ခက်ခဲတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနေရာတစ်ခု လည်းဖြစ်ပါတယ်။ ကလေးများနှင့်သွားလျှင် သိပ်အဆင်မပြေပါဘူး။

အစ္စရေးနိင်ငံ


သဘာ၀ အလှတရားများ၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းထားသော နိင်ငံတစ်ခုဖြစ်ပါတယ်။ မိဘတော်တော်များများက သူတို့ကလေးတွေကိုမခေါ်သွားချင်ကြပါဘူး။ အစ္စရေးနိင်ငံထဲမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကိုလွတ်လပ်စွာလေ့လာနိင်ဖို့ အခွင့်အရေးကလည်း သင်အိမ်ထောင်မကျခင်အချိန်မှာသာရှိတယ်။

အမေရိကန်နိင်ငံ Route 66


ဒီနာမည်ကို သင်ကြားတာနဲ့အမေရိကန်ရုပ်ရှင် ထဲမှာရှိတဲ့လွတ်လပ်သော လူငယ်များခရီးထွက်ကြပုံကို သင့်စိတ်ကူးထဲမှာမြင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Route66 တစ်လျှောက် ခရီးထွက်ရခြင်းဟာ အမေရိကန်လူငယ်များ၏အိမ်မက် ဖြစ်သလိုအခြားနိင်ငံများမှ လူငယ်တွေရဲ့ အိမ်မက်ဆိုလည်းမမှားပါဘူး။ ဒါကြောင့် သင်အိမ်ထောင်မကျခင် သွားသင့်သည့်နိင်ငံတစ်နိင်ငံလည်း ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *