ကာဇက်စတန်နိုင်ငံ အလှမယ်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ရောက်မှ အမျိုးသားဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ အလှမယ်တစ်ဦး

ကာဇက်စတန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် Miss Virtual Kazakhstan အလှမယ်ရွေးချယ်ပွဲတွင် Alina Alieva ဆိုတဲ့ အလှမယ်ဟာ Ilay Dyagilev အမည်ရှိတဲ့ အမျိုးသားဖြစ်နေကြောင်းကို နောက်ဆုံးအဆင့်တွင်မှ ဝန်ခံပြောကြားခဲ့တာကြောင့် ဒိုင်လူကြီးများက အံ့အားသင့်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် ၄ထောင်ကျော်ကို အနိုင်ရရှိခဲ့တဲ့ အသက် ၂၂နှစ်အရွယ်ရှိ Ilay Dyagilev လို့ခေါ်တဲ့ အမျိုးသားဟာ Alina Alieva ဆိုတဲ့ အမည်ကို သုံးပြီး လိမ်ညာစာရင်းသွင်းခဲ့ကြောင်းကို နောက်ဆုံးအဆင့်ရောက်တော့မှ ဝန်ခံ ပြောကြားလိုက်တာဖြစ်ပါတယ်။

အားလုံးက အလှမယ်တစ်ယောက်လို့ပဲထင်ထားတဲ့ Ilay Dyagilev က “ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်က အလှအပနဲ့ပတ်သက်ပြီး အချေအတင် အငြင်းအခုံ လုပ်ကြရင်းနဲ့ အလှမယ် ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ သဘာဝအလှအပမှာ ကျွန်တော်က အမြဲတမ်း ချန်ပီယံတယောက် ဖြစ်ခဲ့တာပါ။ တချို့အမျိုသမီးတွေက ပုံစံတွေ ဆင်တူနေတယ်။ မိတ်ကပ်တွေ ဆင်တူ နေတယ်။ စတိုင်တွေ ဆင်တူ နေတယ် ဆိုတာကို တွေ့လိုက်ရတယ်။ လမ်းကြောင်း တခုနောက်ကို လိုက်နိုင်တယ်ဆိုရင် လှမယ်လို့ သူတို့က ယုံကြည်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော် အဲဒီလို မထင်ပါဘူး” လို့ ပြောကြားသွားပါတယ်။

Alina Alieva ဟာ အမျိုးသမီးမဟုတ်ပဲ အမျိုးသားဖြစ်နေကြောင်းကို သိလိုက်ရတဲ့အချိန်မှာ ပွဲစီစဉ်သူတွေ အားလုံး အံ့အားသင့်ပြီး ထိတ်လန့်သွားခဲ့ကြပါတယ်။ နောက်ဆုံးအဆင့်မှာ ဒီလို ဝန်ခံပြီးနောက် Alina Alieva ရဲ့နေရာမှာ အသက် ၁၈နှစ်အရွယ်ရှိတဲ့ Aikerim Temirkhanova လို့ခေါ်တဲ့ အလှမယ်နဲ့ အစားထိုးခြင်းခံလိုက်ရတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *