ကာရိုလိုင်းနား မြောက်ဘက်ရှိ Ocean Isle ကမ်းခြေတွင် ၁၉နှစ်အရွယ်ကောင်လေး ငါးမန်းတိုက်ခိုက်ခံရ

ဇွန်လ ၁၀ရက် တနင်္လာနေ့ ညနေတွင် ကာရိုလိုင်းနာ မြောက်ဘက်ရှိ Ocean Isle ကမ်းခြေ၌ Austin Reed လို့ အမည်ရတဲ့ အသက်(၁၉)နှစ်အရွယ်ရှိ လူငယ်တစ်ယောက်ကို ငါးမန်းကိုက်သည်ဟု ထင်မှတ်ရတဲ့ ၁၀လက်မအရွယ် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ သူ့မိသားစု၏ပြောပြချက်အရ ဒဏ်ရာဟာ ငါးမန်း ကိုက်ခံထားရတဲ့ ဒဏ်ရာလိုမျိုး ဖြစ်နေကြောင်းနှင့် ခွဲစိတ်ကုသမှုခံယူနေရတယ်လို့သိရှိရပါတယ်။

မြို့၏စီမံခန့်ခွဲသူ၏ပြောပြချက်အရ တနင်္လာနေ့ ၂နာရီလောက်တွင် Carolina မြောက်ဘက်အပိုင်း၏ အရှေ့တောင် ဘက်တွင်တည်ရှိသော Ocean Isle ကမ်းခြေတွင် ရေနေသတ္တဝါ၏ ကိုက်ခြင်းခံထားရသော Austin Reed ကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။AustinReedကိုကယ်ခဲ့ပြီးကမ်းခြေ ရောက် တဲ့အချိန်မှာ သူ့ကိုဘာတစ်ခုမှ မေးလို့မရပဲ ကြောက်လန့်ပြီး ငြိမ်သက်နေခဲ့တယ်လို့သိရှိရပါတယ်။ အလွန်နက်တဲ့ သွားဒဏ်ရာကို ရရှိခဲ့တာဖြစ်ကြောင်းသိရှိရပြီး Austin Reed ပြန်ကောင်းလာဖို့အတွက် မိသားစုတွေအားလုံးက မျှော် လင့်နေတာဖြစ်ကြောင်း သိရှိရပါတယ်။

ယခုအကိုက်ခံရခြင်းကသာ ငါးမန်းကိုက်တာဆိုတာလျှင် ကာရိုလိုင်းနားမှာ ငါးမန်းကိုက်ခြင်းဟာ တစ်လအတွင်းမှာ (၂)ကြိမ်ဖြစ်ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကFortMacon ပြည်နယ်ဥယျာဉ်တွင် အထက်တန်းကျောင်းသူPaige Winter ဟာ ငါးမန်းကိုက်ခြင်းကြောင့် သူမ၏ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *