ကိုယ့်ကို message ကနေ ရန်လာစတဲ့သူကို ပြန်လည်ချေပဖို့ လိုနေပြီလား။ လက်စွဲတော် animations sticker သုံးပြီး မကြာခင်မှာ ချေ လို့ရပါတော့မယ်။

သင့်ရဲ့စာတိုတွေအတွက် မကြာခင်မှာ animation တွေနဲ့ သုံးလို့ရလာတော့မှာပါ။ တင်ဒါ အရုပ်တွေက hey လို့ပြောလို့ရတဲ့ အခြေအနေကို တစ်ချိန်တည်းမှ ရပ်တန်းက ရပ်ပစ်လိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် ဘယ်သူလဲဆိုတာ ဖော်ပြဖို့အတွက် နည်းလမ်းအသစ်တွေကိုတော့ ဒီ animation မှာထည့်သွင်းထားပါတယ်။ ဆော့ဝဲကိုတော့ Tinder Reactions လိုအမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးကတော့ ကိုယ်တွေ သမားရိုးကျ သုံးနေတဲ့ စာရိုက်နည်းစနစ်ကနေ အနည်းငယ်သွေဖယ်ပြီးတော့ နေရာယူလာဖွယ်ရှိပါတယ်။

ကောင်းတဲ့ အပြုအမူတွေကို အားပေးချင်တဲ့သင့်အတွက် လက်ခုပ်တီးအားပေးတဲ့ပုံ၊ အသည်းပုံနဲ့ ရယ်တာတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်သဘောမကျတဲ့ အပြုအမူတွေအတွက် မျက်စိ လည်ပြတာနဲ့ ရွဲ့ပြတာတွေလုပ်နိုင်ပါတယ်။ သင့်ကို ချေ တဲ့ သူကိုတော့ သင် မာတီနီ အရက်ခွက်ကို ပစ်ပေါက်လို့လည်းရပါသေးတယ်။

နောက်ထပ် သင့်ကိုယ်သင်ဘယ်သူလဲဆိုတာ ပြဖို့အတွက် တစ်ခြား animation တွေလည်း ရှိပါသေးတယ်။ မိန်းကလေးတွေ အတွက်လည်း တစ်ချို့ယောကျာင်္းလေး သုံးလို့ ရတဲ့ animation တွေထက် အခြားသောရွေးချယ်စရာတွေလည်းရှိပါတယ်။ အဲ့ဒါကို သုံးဖို့အတွက် reaction icon ကိုနှိပ်ပေးရမှာဖြစ်ပြီး သင်အကြိုက်တွေ့စေမယ့် အရာတွေရွေးချယ်နိုင်ပါတယ်။

ဒီလို animation နဲ့သုံးတဲ့ တုန့်ပြန်မှုတွေ မိတ်ဆက်နိုင်ဖို့အတွက် Tinder က ဟာသ ကုပဏ္ဏီတစ်ခုဖြစ်တဲ့ Whitney Cumming နဲ့ ပူးတွဲလုပ်ဆောင်တာဖြစ်ပါတယ်။ ဒီလို မိတ်ဆက်ပြသတာဟာ စာတိုပို့ တဲ့ အတွေ့အကြုံကို တိုးပွားစေဖို့ရည်ရွယ်တာဖြစ်ပြီး အရင်ထွက်ပြီးသား feature တွေရဲ့ အပေါ်ဆုံးမှာ ရှိနေမည်ဖြစ်ကာ လူအချင်းချင်း အပြန်အလှန် စကားပြောစေဖို့နဲ့ လူမှုဘ၀ တွေမှာ ပိုပြီးရင်းနှီးမှုရှိစေမှာဖြစ်ပါတယ်။

ဒီဆော့ဝဲကိုသုံးပြီး လူတွေစိတ်ကျေနပ်မှု ရရှိမယ်လို့ မျှော်လင့်ပါတယ်။

 

Published
Categorized as Tech

Leave a comment

Your email address will not be published. Required fields are marked *