ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့ မွေးမြူသင့်တဲ့အချက် (၅) ချက်

လူတစ်ယောက်အောင်မြင်ဖို့အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ်ကိုယ်ကို ယုံကြည်ချက်ရှိဖို့ ဘယ်လိုအရာတွေကို မွေးမြူရမလဲဆိုတာ လေ့လာကြည့်ရအောင်။

အဆိုးမြင်မှုတွေကို ဖယ်ရှားပြီး အကောင်းမြင်မှုတွေကို မွေးမြူပါ။

ပြဿနာတွေအပေါ်မှာပဲ အာရုံစိုက်ပြီး အဆိုးတွေကိုပဲ သိမြင်မခံစားပါနဲ့။ အရာရာကို အကောင်းမြင်စိတ်နဲ့ သိမြင်ခံစားပြီး ကောင်းသောပြောင်းလဲခြင်းတွေကို လုပ်ဆောင်ပါ။

ကိုယ်ဟန်အမူအရာကို ပြောင်းလဲပါ။

စကားပြောဟန်၊ ကိုယ်ဟန်အနေအထား၊ မျက်လုံးအကြည့်တွေကလည်း အရေးကြီးပါတယ်။ စကားပြောတဲ့အခါမှာ ကိုယ်နဲ့စကားပြောနေတဲ့သူကို ကြည့်ပါ။ eye contact ယူတာကလည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေပါတယ်။ နောက်တတစ်ခုကတော့ အတတ်နိုင်ဆုံးပြုံးထားပါ။ စကားပြောရင် ဖြေးဖြေးနဲ့ ညင်သာစွာပြောပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ ကိုယ်နေဟန်ထားကို ရယူပါ။

အရှုံးတွေကို ခေါင်းထဲကထုတ်ပါ။

ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ကျဆုံးမှုတွေနဲ့ကြုံလာတိုင်း အောင်မြင်အောင်လုပ်ဆောင်နိုင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိလာပါလိမ့်မယ်။

ပြင်ဆင်မှုရှိပါ။

အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တစ်ခုခုတင်ပြရမယ့် ကိစ္စအတွက်ပဲဖြစ်ဖြစ် ဘယ်အရာတွက်မဆို ကြိုတင်လေ့လာပြင်ဆင်ပါ။

အကောင်းဆုံးလုပ်ခဲ့တဲ့အရာတွေကို ပြန်သတိရပါ။

ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ ကျဆုံးမှုတွေရှိသလို အောင်မြင်မှုတွေလည်းရှိပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကိုယ်စိတ်ကျေနပ်မှုအရှိဆုံးကိစ္စတွေကို ရေးမှတ်ထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အားထုတ်ပါ။

Leave a comment

Your email address will not be published.