ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် အစီအစဉ်ရှိသူကို Facebook က မှတ်ဉာဏ်တု (AI) ဖြင့်ကူညီမည်

ဖေ့ဘွတ်က သူ့ ဆော့ဝဲလ်အသုံးပြုသူတွေကို စောင့်ကြည့်ဖို့ စတင်လုပ်ဆောင်လိုက်ပြီး တစ်ကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကို သေကြောင်းကြံရန်အစီအစဉ်ရှိတယ်ဆိုရင် အရေးပေါ် ဝန်ဆောင်မှုနဲ့ချိတ်ဆက်လုပ်ဆောင်လို့ ရမှာဖြစ်ပါတယ်။ မာ့က်ဇူကာဘတ်၊ ကုမ္ပဏီ တည်ထောင်သူနဲ့ ဥက္ကဌ တို့က “ဖေ့ဘွတ်မှာ မှတ်ဉာဏ်တုကို သုံးပြီး သေကြောင်းကြံစည်မယ့် သူတွေကို ကာကွယ်ဖို့အတွက် အသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်း” သူတို့တင်တဲ့ ပိုစ့်မှာ ရှင်းပြခဲ့ပါတယ်။

အမေရိကန်မှာ သာမက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဖေ့ဘွတ် အသုံးပြုသူတွေကို ဒီဆော့ဝဲလ်ဖြန့်ချီသွားဖို့ ရှိပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂ နိုင်ငံတွေတော့မပါဝင်ပါဘူး။ ဥရောပသမဂ္ဂ နိုင်ငံတွေ ဘာလို့မပါဝင်လဲဆိုတဲ့မေးမြန်းချက်ကို ဖေ့ဘွတ်က ချက်ချင်းပြန်လည် ဖြေကြားခဲ့ခြင်းတော့မရှိပါဘူး။ ကုပ္ပဏီက အခြားသော လူမှုကွန်ယက် ဝန်ဆောင်မှုတွေဖြစ်တဲ့ လူတစ်ယောက်နဲ့ တစ်ယောက် တွဲချိတ်တဲ့ ပိုစ့်တင်တာ (tag) ကို ဥရောပသမဂ္ဂ က တားမြစ်ထားတဲ့ ဥပဒေ ရှိပါတယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက် ဖြစ်လာတာကတော့ အသုံးပြုသူတွေက သူတို့ ရဲ့ ပုံကို မဖွယ်မရာပုံတွေနဲ့ တင်ခြင်းကြောင့်နဲ့ ညစ်ညမ်းပုံတွေတင် တင်ပြီး မိန်းကလေးကို ဖိအားပေး လုပ်ဆောင်တာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြေငြာပြီးတဲ့ အချိန်ကစပြီး စလုပ်ဖြစ်သွားတာပါ။

“ဒီကနေ့ကစပြီး ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တု ကိရိယာကို မြှင့်တင်သွားမှာ ဖြစ်ပြီး တစ်ကယ်လို့ တစ်စုံတစ်ယောက်ကများ ဖေ့ဘွတ်မှာ ကိုယ့်ရဲ့ မကောင်းတဲ့ခံစားချက်နဲ့ ပတ်သက်ပြီး ဖော်ပြလာတာတို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံနိုင်ခြေရှိတဲ့ အခြေအနေ တွေမှာ ကျွန်တော်တို့ ဘက်က လျင်လျင်မြန်မြန်နဲ့ ရှာဖွေဖော်ထုတ်ပြီး သူတို့ကို ကူညီပေးသွားမှာ ပါလို့” မာ့က်ကဆိုပါတယ်။

“လူတွေက မှတ်ဉာဏ်တုနဲ့ ပတ်သက်ပြီး ၎င်းဟာ လူတွေကို အန္တာရယ် ပြုနိုင်ခြေရှိတယ်လို့ တွေးပူနေချိန်မှာ ဒီလိုနေရာမှာ အသုံးချလိုက်တဲ့အတွက် ၎င်းဟာ ဒီကနေ့မှာ လူတွေကို ဘယ်လောက်အထိ အကျိုးပြုတယ်ဆိုတာကို အသိပေးနေတာပဲဖြစ်ပါတယ်။ ဒီဟာကို ကျွန်တော်တို့ ပိုကောင်းအောင် နောက်ထပ်လုပ်ဆောင်သွားဖို့ ရှိတယ်လို့” သူကပြောပါတယ်။

“ဒီကနေ့မှာ ၎င်း မှတ်ဉာဏ်တုတွေဟာ လက္ခဏာရပ်တွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပြီး မှတ်ချက်မှာ တစ်စုံတစ်ယောက်ကို အဆင်ပြေလားဆိုပြီး မေးတာကအစ ကျွန်တော်တို့က စောင့်ကြည့်နေမှာဖြစ်ပြီး ကျွန်တော်တို့ အဖွဲ့မှာ လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေကို တစ် ပတ်လုံးလုံး သတင်းပို့နေမှာ ဖြစ်ပါတယ်။

“အနာဂတ်မှာ မှတ်ဉာဏ်တုဟာ အရောင်၊ ခံံစားချက်နဲ့ အဓိပါ္ပယ်တွေ ရဲ့ အနက်အရှိုင်းကို နားလည်လာမှာဖြစ်ပြီး သေကြောင်းကြံနိုင်လောက်တဲ့ နောက်ကွယ်က မတူညီတဲ့ အကြောင်းတွေကိုလည်း သိရှိလာမှာဖြစ်ပါတယ်။ နောက်ထပ်လည်း အနိုင်ကျင့်ခံရမှုတွေ နဲ့ အမုန်းတရားတွေဖြစ်စေတဲ့ အကြောင်းတရားတွေကို ခြေရာခံနိုင်လိမ့်မယ်လို့” မာ့က်ကဆိုပါတယ်။

နိုဝင်ဘာလအစောပိုင်းတုန်းက မင်းသား ဝီလျံက အမည်မဖော်ပြချင်တဲ့ သူတစ်ယောက်ရဲ့ တစ်ကယ့်ကို အန္တာရာယ်ရှိတဲ့ ဆိုက်ဘာ အနိုင်လိုစော်ကားမှု ပြုလုပ်တဲ့ သူတွေကို ဆန့် ကျင်တဲ့ ရုပ်သံတစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။

အွန်လိုင်းမှာ ခြိမ်းခြောက်ခံရတဲ့ ကလေးငယ် နဲ့ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ မိန်းကလေးငယ် တို့ဟာ အွန်လိုင်းမှာ အနိုင်ကျင့် စော်ကားခံရပြီး ကလေးငယ်ကတော့ ကိုယ်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ သတ်သေသွားတဲ့ ကလေးငယ်ရဲ့အမေနဲ့ ကလေးမလေးကို ကမ်းဘရစ် မြို့စား က အားပေးစကားပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published.