ကိုယ်ခံအားကောင်းလာစေမယ့် နည်းလမ်းများ

သဘာဝအသားငါး၊ အသီးအနှံတွေစားပါ။

ကိုယ်ခံအားကောင်းစေဖို့အတွက် တတ်နိုင်သလောက် ဓာတုဆိုးဆေးတွေမပါတဲ့ အသားငါး၊ အသီးအနှံများကိုသာ ချက်ပြုတ်စားသုံးပါ။

သကြားဓာတ်လျှော့စားပါ။

သကြားဓာတ်က ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်အတွက် အဟန့်အတားဖြစ်စေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့အတွက် သကြားဓာတ်ကို လျှော့စားသင့်ပါတယ်။

လတ်ဆတ်တဲ့ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များကို များများစားပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ်လိုအပ်တဲ့အမျှင်ဓာတ်၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ဓာတ်များ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

သဘာဝသစ်ဥသစ်ဖုများနဲ့ ဆေးဖက်ဝင်နွယ်ပင်များ

သဘာဝသစ်ဥသစ်ဖုများနဲ့ ဆေးဖက်ဝင်နွယ်ပင်များဖြင့် ဖေါ်စပ်ထားတဲ့ ဆေးဝါးတွေကို စားသုံးခြင်းကလည်း ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းတို့ကလည်း ကိုယ်ခံအားကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချခြင်း

စိတ်ဖိစီးမှုတွေက ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်တာက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။

ကောင်းမွန်စွာအိပ်စက်အနားယူပါ။

လုံလောက်စွာ အိပ်စက်အနားယူခြင်းက ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးပါတယ်။

Leave a comment

Your email address will not be published.