ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကြိုးစားပေမယ့် အလေးချိန် ကျမသွားတဲ့ အကြောင်းပြချက်ကဘာများဖြစ်မလဲ။

အသင့်စား အစားအသောက်တွေ နဲ့ သကြားလုံးတွေကို ရှောင်တယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တယ်။ ဆိုပါတော့ သင်က ကိုယ်အလေးချိန်လျှော့နေတဲ့သူတစ်ယောက်ပေ့ါ။ ဒါပေမယ့် သင့်ရဲ့အလေးချိန်က လျော့မသွားပဲ ပုံမှန်အတိုင်းပဲဆက်ရှိနေတယ်ဆိုပါတော့။ ဒါဟာဘာကြောင့်ပါလိမ့်။ လူအများစုက သူတို့ရဲ့ နေ့စဉ်မနက်ခင်းတိုင်းရဲ့ အရေးပါပုံကို မသိတဲ့အခါမှာ သူတို့လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံအတိုင်း မရလာတော့ပါဘူး။

၁။ အအိပ်မက်လွန်းခြင်း

အချိန်နည်းနည်းပဲပေးပြီးအိပ်စက်တာက စိတ်ဖိစီးမှု ကိုတုန့်ပြန်တဲ့ ကော်တီဆုန်း ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး သင့်အစာစားချင်စိတ်ကို တိုးမြှင့်ပေးပါတယ်။ ဒါပေမယ့် အအိပ်လွန်ခြင်းကလည်း သင့်အတွက် ကောင်းသလားဆိုတော့လည်း မကောင်းပြန်ပါဘူး။ PLOS One ဂျာနယ်က မကြာသေးမီက လုပ်ဆောင်ထားတဲ့ သုတေသန စာတမ်းတစ်ခုအရဆိုရင် တစ်ညမှာ ၁၀ နာရီထက် ပိုအိပ်တာဟာ ကိုယ်အလေးချိန်အညွှန်းကိန်းကိုတက်စေပါတယ်။ ဒါကြောင့် ဆရာဝန်တွေက တစ်ရက်မှာ ၇ နာရီ သို့မဟုတ် ၉ နာရီထိ အိပ်စက်တာက သင့်တော်တယ်လို့ အကြံပေးတာက အံ့အားသင့်စရာတစ်ခုမဟုတ်တော့ပါဘူး။

၂။ အမှောင်ထဲကနေ အလင်းရောင်ရုတ်တရက် ရရှိခြင်း

ခန်းဆီးလိုက်ကာကို နိုးနိုးချင်း ရုတ်တရက်ဖွင့်လိုက်တာက စူးရှတဲ့အလင်းရောင်ကို ရရှိတဲ့အတွက် သင့်အလေးချိန်ကို တိုးစေတဲ့အကြောင်းတစ်ချက်မှာ သူလည်းပါဝင်လာတာဖြစ်ပါတယ်။ PLOS One က တွေ့ရှိထားတဲ့လေ့လာချက်တစ်ရပ်အရ မနက်ခင်းပိုင်းမှာတွေ့ရတဲ့ အပြာရောင်အလင်းလှိုင်းတွေက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မကိုမြှင့်တင်ပေးပြီး နိုးကြားနေစေပါတယ်။ မိနစ် ၂၀ ကနေ ၃၀ အတွင်း နေအလင်းရောင် ရရှိနေမှုဟာလည်း သင့်ခန္ဓာကိုယ်အလေးချိန် မကျစေတဲ့အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။

၃။ အိပ်ရာခင်းကို သပ်သပ်ရပ်ရပ် ထားရှိမှုမရှိခြင်း

ဒါကထူးဆန်းတယ်လို့ထင်ရပေမယ့် ဒီအချက်ကလည်း ခန္ဓာကိုယ်အလေးချိန်မကျစေတဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်အမျိုးသား အိပ်စက်ခြင်း ဖောင်ဒေးရှင်း မှ လေ့လာထားတဲ့ထုတ်ပြန်ချက်အရ အိပ်ယာခင်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထားခြင်းက ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြုံပြီးပြောရရင်တော့ ကျန်းမာတဲ့အိပ်စက်ခြင်းက ကျန်းမာတဲ့ကိုယ်အလေးချိန်ရရှိဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၄။ ကိုယ့်ကိုယ်အလေးချိန်ကို ချိန်ကြည့်ဖို့ မေ့လျော့နေခြင်း

ကော်နယ် တက္ကသိုလ်က သုတေသန သက်သေပြချက်တွေအရ ကိုယ်အလေးချိန်ကိုနေ့စဉ်ချိန်ကြည့်နေတာက ကိုယ့်ခန္ဓာကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် အအောင်မြင်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ချိန်ကြည့်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက်ပိုင်း ဘာမှ မစားရမသောက်ရသေးတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်က ညကတည်းက ကျသွားတာဖြစ်တဲ့အတွက် တိကျတဲ့ ကိန်းဂဏန်းတော့ ထွက်လာမှာပါ။

၅။ မနက်စာကို အနည်းငယ်သာစားသုံးခြင်း

တယ်လ် အေဝစ်တက္ကသိုလ်က သုတေသီတွေ မနက်ပိုင်းမှာ ကိုယ်စားချင်တဲ့ အစားအသောက်တွေကို စားဖို့ တိုက်တွန်းထားပါတယ်။ တစ်ကယ်တော့ မျှတတဲ့အစားအသောက်ဖြစ်တဲ့ အဆီနည်းတဲ့ ပရိုတင်းပါဝင်တဲ့ ကယ်လိုရီ ၆၀၀ ပါဝင်တဲ့ အစားအသောက်လိုမျိုး၊ ကာဘိုဟိုက်ဒရိတ် နဲ့ အချို့သောအချိုပွဲတွေက သင့်ရဲ့အစားအသောက်အစီအစဉ်တွက် လွယ်လင့်တကူအကျိုးပြုစေမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *