ကိုလမ်ဘီယာတွင် စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပါတယ်

ကိုလမ်ဘီယာ၏ အနောက်မြောက်ပိုင်းရှိ ကော့ကာဆီယာမြို့အနားမှာ ဇန်နဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ရဟက်ယာဉ်တစ်စီးပျက်ကျခဲ့ရာ ရဟက်ယာဉ်ထဲမှ လူများအားလုံး သေဆုံးခဲ့ပါတယ်။

MI17 အမည်ရှိတဲ့ ၎င်းရဟက်ယာဉ်ဟာ အဲဒီနယ်မြေထဲမှာ လေတပ်လောင်စာဆီ ထောက်ပံ့ရေးကို တာဝန်ယူထားတာဖြစ်ပြီး ထောက်ပံ့မှုပြုလုပ်ရန်အတွက် လှည့်လည်စစ်ဆေးချိန်တွင် ပျက်ကျခဲ့တာဖြစ်ပါတယ်။

MI17 ထဲတွင် အမှုထမ်း ၄ဦးနှင့် ခရီးသည် ၆ဦးပါလာခဲ့ပြီး ထိုသူအားလုံး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။ ကိုလမ်ဘီယာ သမ္မတ ဟွမ်မန်နူရယ်ဆန်းတို့စ်က သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။

ရဟက်ယာဉ် ပျက်ကျတဲ့နေရာဟာ အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်အဖွဲ့ လှုပ်ရှားနေတဲ့ နေရာဖြစ်တဲ့အတွက် တိုက်ခိုက်မှုကြောင့် ပျက်ကျခဲ့တာလားလို့ သံတယရှိသဖြင့် အပြည့်အစုံသိရှိရန် စတင်စုံစမ်းနေပြီးလို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *