ကိုလမ်ဘီယာတွင် မြေပြိုမှုကြောင့် ဘက်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျသွားပါတယ်

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကိုလမ်ဘီယယာ အနောက်တောင်ပိုင်းရှိ အီကွေဒေါနိုင်ငံနှင့် နယ်စပ်မှာရှိတဲ့ နာရီနိုပြည်နယ်တွင် ပက်စတိုမြို့နှင့် တူမာကို မြို့ နှစ်မြို့ကို ဆက်သွယ်ထားတဲ့ တောင်ပေါ်အဝေးပြေးလမ်းပေါ်တွင် မြေပြိုမှုကြောင်း ဘက်စ်ကားတစ်စီး ချောက်ထဲသို့ ကျသွားခဲ့ပါတယ်။

ထိုသို့ မြေပြိုမှုကြောင့် တောင်ပေါ်အဝေးပြေးလမ်းမနှင့် တောင်ချောက်ကမ်းပါးထဲသို့ မြေကြီးနှင့် ကျောက်တုံးပမာဏ ၅၀၀၀ ကုဗမီတာလောက် ကျဆင်းခဲ့တယ်လို့ ဒေသခံ သဘာဝဘေးအန္တာရယ် ကာကွယ်ရေး အေဂျင်စီ အကြီးအကဲတစ်ယောက်၏ ပြောကြားမှုအရသိရှိရပါတယ်။

ဘက်စ်ကားချောက်ထဲထိုးကျခဲ့သဖြင့် အနည်းဆုံး ၁၃ဦးသေဆုံးခဲ့တယ်လို့လည်း သဘာဝဘေးအန္တာရယ် ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သေဆုံးသူများကို ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဆက်လက်ရှာဖွေနေတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *