ကော့ဒ်လက်နက်ကိုင်အဖွဲ့ အသစ်ကို တည်ထောင်မည့် အစီအစဉ်ကို တူရကီမှ အပြင်းအထန်ကန့်ကွက်

အမေရိကန်ရဲ့ ကျောထောက်နောက်ခံ အင်အား ၃သောင်းရှိတဲ့ ကော့ဒ်လက်နက်ကိုင် တပ်အသစ်တစ်ခုကို အမေရိကန်မှ တည်ထောင်ပေးမည့် အစီအစဉ်ကို တူရကီ သမ္မတ အာဒိုအန်က အပြင်းအထန် ကန့်ကွက်နေပါတယ်။ ထိုတပ်ဖွဲ့မှာ တူရကီမှ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားတဲ့ ကော့ဒ်လက်နက်ကိုင်တွေ ပါဝင်လာမှာကို စိုးရိမ်နေကြပါတယ်။

ယခုလက်ရှိမှာလည်း ကော့ဒ်လက်နက်ကိုင်တွေရှိတဲ့ ဆီးရီးယားမြောက်ပိုင်းကို တူရကီမှ လက်နက်ကြီးတွေနဲ့ အဆက်မပျက် ပစ်ခတ်နေပါတယ်။ ဒီတပ်အသစ်ကို စတင်မွေးစမှာပဲ လည်မျိုညှစ်သတ်မယ်လို့ အာဒိုအန်က ကြိမ်းမောင်းထားတယ်လို့ သိရပါတယ်။

ဆီးရီးယား သမ္မတ ဘရှားအယ်လ်အာဆတ် ကလည်း ဆီးရီးယားမြေပေါ်မှာ ဘယ်လိုအဖွဲ့ အသစ်မျိုးပဲ ပေါ်လာပေါ်လာ ချေမှုန်းပစ်မယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုပြီး အမေရိကန်တပ် အားလုံးကိုလည်း ဆီးရီးယားမှ မောင်းထုတ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကလည်း အမေရိကန်ရဲ့ ကော့ဒ်တပ်ဖွဲ့အသစ်တည်ထောင်မည့် အစီအစဉ်ဟာ ဆီးရီးယားကို ၂ခြမ်းကွဲသွားစေနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *