ကံကြမ္မာလှည်းဘီး ဂိမ်း ကစားရင်း ဒေါ်လာ ၁ သန်းရခါနီးဆဲဆဲမှာ ဂိမ်း ရှုံးသွားတဲ့အဖိုးအို

ပျော်စရာကောင်းတဲ့ ကံကြမ္မာလှည်းဘီး ဂိမ်းကစားရင်းနဲ့ အောင်နိုင်ခြေရှိတဲ့ ဒေါ်လာ ၁ သန်း ရခါနီးဆဲဆဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အဖိုးအိုဟာ စာလုံးသုံးလုံး ဆက်စပ်မိခါနီးမှာ ပဲ ဂိမ်းကို အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ဖရန့်လို့ ခေါ်တဲ့ ချစ်ဖို့ကောင်းတဲ့အဖိုးအိုဟာ သူ့မြေး လောရယ် အကူအညီနဲ့ ပြပွဲကို ယဉ်ပြိုင်သူတစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒီဂိမ်းဟာလွန်ခဲ့တဲ့လက ဒစ်စနေဝေါလ်ကနေ စတင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓနေ့ညနေတိုင်း ရုပ်သံကနေ ထုတ်လွှင့်တာဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ ဖရန့်က ရှေ့ဆက်တိုးဖို့ အခွင့်အရေးရှိခဲ့ပြီး ဘုတ်ပြားမှာ စာလုံးငါးလုံးရှိနေတာဖြစ်ပါတယ်။ ကျန်တဲ့စာလုံးတွေကို ၁၀ စက္ကန့်အတွင်းမှာ မှန်ကန်အောင် ခန့်မှန်းပေးရတာဖြစ်ပါတယ်။

စားစရာ နဲ့ သောက်စရာ အမျိုးအစားကို ဘုတ်ပြားမှာ ပေးထားတာဖြစ်ပြီး ဒုတိယစာလုံးက အသေးစားဘူးသီးတစ်ခု(zucchini) ဆိုတာကို သိနေခဲ့ပါတယ်။ ဒါပေမယ့် ပထမစာလုံးက သူ့ကို အကျပ်တွေ့စေခဲ့ပါတယ်။ သူက အသေးစား ဘူးသီးကြော်လို့ခန့်မှန်းခဲ့ပြီး(fried zucchini) တစ်ကယ့်အဖြေမှန်ကတော့ ဖုတ်ထားတဲ့ ဘူးသီးအသေး(baked zucchini)ဖြစ်နေခဲ့ပါတယ်။

အဆိုးဆုံးအစိတ်အပိုင်းကတော့ အစီအစဉ်တင်ဆက်သူအနေနဲ့ ဆောင်ရွက်နေတဲ့ ပက်စဂျက် က ဖရန့်ဟာ ဒေါ်လာ ၁ သန်းကို ပိုင်ဆိုင်နိုင်တော့မယ် ဆိုတာကို ပြောကြားလိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။

ဒါပေမယ့် အနည်းဆုံးတော့ သူ့မိသားစုဟာ ဒေါ်လာ ၁ သန်းကို လက်လွှတ်ခဲ့ရပေမယ့် ဒေါ်လာ ၂ သောင်း ၆ ထောင်ကိုတော့ အိမ်သယ်ပြန်နိုင်ခဲ့ပါတယ်။

Leave a comment

Your email address will not be published.