


Unicode : ကံစမ်းမဲပေါက်တဲ့ ပိုက်ဆံကို ထပ်မံကံစမ်းရင်းနဲ့ ငါးသိန်းဆု ရရှိသွားခဲ့တဲ့ ကံထူးရှင်ကြီး

lottery

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ အမျိုးသားတစ်ဦးဟာ ကံစမ်းမဲပေါက်ခဲ့တဲ့ ပိုက်ဆံကနေ နောက်တစ်ကြိမ် ထပ်မံကံစမ်းခဲ့လိုက်ရာမှာ အမေရိကန်ဒေါ်လာငါးသိန်း ထပ်မံကံထူးသွားခဲ့တယ်လို့ သိရှိရပါတယ်။

 ကံထူးရှင်ကြီး Gregory Dean ဟာ Virginia Lottery လို့ အမည်ရတဲ့ ကံစမ်းမဲ ထီလက်မှတ်ကို ဝယ်ယူကံစမ်းခဲ့ရာ ဒေါ်လာတစ်ရာအထိ မဲပေါက်ခဲ့ပါတယ်။ ထို့နောက် Dean ဟာ သူဒီနေ့ တော်တော်လေးကို ကံကောင်းနေခဲ့တယ်ဆိုပြီး နောက်ထပ် ကံစမ်းမဲတစ်စောင်ကို ဝယ်ယူပြီး ထပ်မံကံစမ်းခဲ့လိုက်ရာ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ အမေရိကန်ဒေါ်လာငါးသိန်းအထိကို ကံထူးသွားခဲ့ပါတယ်။ Dean က ” ကျွန်တော်ဒီနေ့ အရမ်းကို ကံကောင်းသွားခဲ့တာပါ။ ဒီလို ကံထူးသွားဖို့ အချိန်မှန် နေရာမှန်မှာ ကျွန်တော်ရှိနေခဲ့လိုပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ The Virginia Lottery ရဲ့ ပြောဆိုချက်အရ Dean ဟာ ငါးသိန်းဆုကို ဆွတ်ခူးခဲ့တဲ့ တတိယမြောက်သူလို့ သိရပါတယ်။ အဆိုပါ ငါးသိန်းဆုပေါက်မဲကို ရောင်းချပေးခဲ့တဲ့ စတိုးဆိုင်ကိုလည်း The Virginia Lottery ကံစမ်းမဲလုပ်ငန်းကနေ အမေရိကန်ဒေါ်လာတစ်သောင်း ချီးမြှင့်ပေးအပ်သွားခဲ့ပါတယ်ခင်ဗျာ။

Published
Categorized as News

Leave a comment

Your email address will not be published.