ကျန်းမာရေးအတွက် သင်္ဘောပွင့်သုပ်တစ်ခွက်

မြန်မာ့တိုင်းရင်းဆေးပညာအရ သင်္ဘောပင်တစ်ပင်လုံး အသုံးမကျတဲ့နေရာမရှိဘူးလို့ဆိုရမှာပါ။ သင်္ဘော တစ်ပင် လုံးမှာ အသီးနဲ့အရွက်က နေ့စဉ်စားသုံးဖို့ လွယ်ကူပေမယ့် သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက် စားရဖို့အတွက်တော့ အတော့်ကို မလွယ်လှပါဘူး။ သင်္ဘောပွင့်မှာလည်း အဖိုပင်ကရတဲ့ အဖူးအငုံလေးတွေက စားရတာပိုအရသာ ရှိပါ တယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေဟာ သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက်ကို မက်မောစွာ စားသုံးတတ်ကြ ပါ တယ်။ ပထမဦးစွာ အခါးတွေထွက်သွားအောင် အဖူးအငုံလေးတွေကိုခြွေပြီး ရေနွေးနဲ့ဆူအောင်ပြုပ် ရပါတယ်။ ပြီးနောက် ကြက်သွန်ဖြူ၊ငရုပ်ကောင်း၊ငရုပ်သီးစိမ်းနဲ့ မျှင်ငပိအနည်းငယ်ကိုပါ ရောထောင်းပြီး သုပ်ရပါတယ်။ သံပုရာသီးညှစ်ဖို့တော့ မမေ့ပါနဲ့။ အင်မတန်ထမင်းမြိန်တဲ့ သဘာဝစစ်စစ် ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်ရပါလိမ့်မယ်။ ဒါ့အပြင် အသုပ် တစ်ခွက်မှာ သင်္ဘောပွင့် ၆ကျပ်ခွဲသား (၁၀၀ ဂရမ်)ပါဝင် တယ်ဆိုရင်တော့ အောက်ဖေါ်ပြပါ အာဟာရ တန်ဖိုး တွေကို ရရှိခံစားရမှာ ဖြစ်ပါတယ်။
Substances    Nutritional Value
Energy                   45 kcal
Protein                     2.6 gr
fat                           0.3 gr
Carbohydrate           8.1 gr
Calcium                290 mg
Phosphor              113 mg
Iron                          4.2 mg
Vitamin A                  0 IU
Vitamin B1                0.01 mg
Vitamin C                23.3 mg

သင်္ဘောပွင့်ဟာ ဟင်းကောင်းတစ်ခွက်ကိုပေးစွမ်းနိုင်သလို အဖိုးမဖြတ်နိုင်တဲ့ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ကိုလည်းရရှိနိုင်ပါသေးတယ်။
(၁) အစာချေစနစ်ကို အထောက်အကူပေးပါတယ်။
(၂) ခံတွင်းကို မြိန်စေပါတယ်။
(၃) ရောဂါဖြစ်စေတဲ့ Free Redical တွေကို ချေဖျက်ပေးပါတယ်။
(၄) သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။
(၅) ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
(၆) ဆီးချိုကို ကျစေတယ်။
(၇) ကိုယ်အလေးချိန်ကို ကျစေတယ်။
(၈) ကိုလက်စရောကိုလျော့နည်းစေတယ်။
(၉) လေမဖြတ်အောင် ကာကွယ်ပေးနိုင်တယ်။
(၁၀) နှလုံးတိုက်ခိုက်ခံရမှုက ကာကွယ်ပေးနိုင်တယ်။
ကဲစာဖတ်သူမိတ်ဆွေ၊တန်ဖိုးများလှတဲ့ သင်္ဘောပွင့်သုပ် ဟင်းတစ်ခွက်ကို မပျက်မကွက် စားသုံးပြီး သဘာဝအစား အစာတွေကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူခံစားကြပါစို့။

Leave a comment

Your email address will not be published. Required fields are marked *