ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ မီးဖိုချောင်ထဲမှာရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား

အွန်လိုင်း မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေကို တွင်တွင်သုံးလာကြတဲ့ ခေတ်ကြီးမှာ ကျန်းမာရေးအတွက် ဗဟုသုတ ရစရာတွေ၊လိုက်နာကျင့်သုံးစရာတွေကလည်း ဖတ်မကုန် နိုင်လောက်အောင်များနေလို့ ရွေးရခက်နေပါသလား။ တိုးတက် လာ နေ တယ်လို့ ပြောကြတဲ့ ခေတ်ကြီးထဲမှာ လူတွေရောဂါဆန်းတွေ၊အရွယ်နဲ့ ရောဂါမမျှတာတွေ တိုးပွားလာနေ တယ်ဆိုတာတွေကြောင့် သင့်ကျန်းမာရေးအတွက် စိုးရိမ်သောကရောက်နေပါသလား။ ကျန်းမာရေး အတွက် လုံခြုံစိတ် ချရမှုဆိုတာမရှိသလောက်ဖြစ်နေတဲ့ သင့် ပတ်ဝန်းကျင်မှာ သင့်ကျန်းမာရေးကို အကာအကွယ်ပေးနိုင်မယ့် အစား အသောက်မျိုးကိုရှာဖွေနေပါသလား။သင်ရှာဖွေလိုက်တိုင်း တန်းဖိုးကြီးအစားအစာတွေ၊ဒီနိုင်ငံမှာ ရှားပါးတဲ့ ဆော် လမွန်ငါးတွေလိုမျိုး အစားအစာတွေကိုပဲ ညွှန်းနေကြလို့ သင်စိတ်တိုင်းမကျဖြစ်နေပါသလား။တကယ်တော့ သင့်ကျန်းမာ ရေးအတွက် သင့်မီးဖိုချောင်ထဲမှာပဲ အကောင်းဆုံးအစာတစ်ခုရှိတယ်ဆိုတာ သင်သတိမပြုမိလို့ ဖြစ်ပါလိမ့်မယ်။ အမှ န်ပါပဲ။

သင့်မီးဖိုချောင်ထဲမှာ နေ့စဉ်အသုံးပြုချက်ပြုတ်နေတဲ့ ကြက်သွန်ဖြူဟာ သင့်ကျန်းမာရေး အတွက် အကောင်းဆုံးတွေထဲက အကောင်းဆုံးပါပဲမိတ်ဆွေ။ ဒီလောက်တောင်ကောင်းတယ်လို့ ညွှန်းရအောင် ကြက်သွန်ဖြူက ဘာတွေကောင်းလို့လဲ မေးရင်တော့ ၊ကြက်သွန်ဖြူက ဒါတွေပဲလို့ ဖေါက်သည်ချပြရတော့မှာပေါ့။
(၁) ကြက်သွန်ဖြူစားပြီး ပစ်ရမစ်ဆောက်ခဲ့တာကို သင်ယုံမလား။
ရှေးရောမအင်ပါယာ၊အီဂျစ်တွေ၊ဂရိတွေတွေဟာ အလုပ်လုပ်ဖို့ အတွက် ကြက်သွန်ဖြူကို အားထားခဲ့ကြပါတယ်။ အား ကစားသမားတွေ၊ပင်ပင်ပန်းပန်းလုပ်ရသူတွေ၊နှလုံးမကောင်းသူတွေ၊မောပမ်းလွယ်သူတွေအတွက် အင်မတန်ကောင်းတဲ့ ကြက်သွန်ဖြူပါ။ ဒါကြောင့် အီဂျစ်တွေ ကြက်သွန်ဖြူစားပြီး ပစ်ရမစ် တွေကိုတည်ဆောက်ခဲ့တာကို သင်ယုံလိုက်ပါ။
(၂) ကြက်သွန်ဖြူက သင့်အတွက် ဖိုက်တာဆိုတာ သင်သတိထားမိရဲ့လား။
သင်ကိုယ်ခန္ဓာကိုဒုက္ခပေးတဲ့ ဗက်တီးရီးယားတွေ၊ဗိုင်းရပ်တွေ၊ပါရာဆိုက်တွေက ကြက်သွန်ဖြူကို မကြိုက်ဘူးဆိုတာ သင်သိထားရပါလိမ့်မယ်။ဒါ့အပြင် ကိုယ်ခံအားနည်းတဲ့အတွက် အမြဲတမ်းအအေး ကြောက်နေသူတွေကို ၆၃% အထိ အ ထောက်အကူပေးနိုင်တယ်။
(၃) ကြက်သွန်ဖြူက သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုဆိပ်တွေကို မုန်းတယ်ဆိုတာ သင်သိထားပါ။
ခဲတို့ ပြဒါးတို့လိုလေးလံတဲ့ သတ္တုတွေဟာ လူကို အဆိပ်အတောက်ဖြစ်စေတဲ့အတွက် ကြက်သွန်ဖြူက ဒီလိုသတ္တုတွေ ကိုမုန်းပါတယ်။ဘက်ထရီလုပ်တဲ့လူတွေလို ခဲတွေနဲ့ အလုပ်လုပ်ရတဲ့သူတွေအတွက် ကြက်သွန်ဖြူဟာ မိတ်ဆွေကောင်း ဖြစ်ပါတယ်။
(၄) ကြက်သွန်ဖြူက အဆီကို ချေဖျက်နိုင်တယ်ဆိုတာသင်သိထားပါ။
သွေးတွင်းမကောင်းတဲ့ အဆီတွေဟာ သင်နှလုံးလုပ်ငန်းတွေကို ထိခိုက်စေတာ သင်သိပါလိမ့်မယ်။ ကြက်သွန်ဖြူဟာ သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ပေးတဲ့ သွေးအတွင်းမကောင်းတဲ့ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အတွက် နှလုံးရှင်သန်ရေးအတွက် အင်မတန်အထောက်အကူပေးတာကို သင်သိထားဖို့ လိုပါတယ်။
(၅) ကြက်သွန်ဖြူက ကြမ်းရမ်းတတ်တဲ့ သင့်နှလုံးသားကို ယဉ်ပါးစေတယ်ဆိုတာ သင်သိထားပါ။
သင့်ပတ်ဝန်းကျင်မှာ လေဖြတ်တာ၊နှလုံးတိုက်ခိုက်ခံရတာတွေကို သင် မြင်တွေ့ဖူးပါလိမ်မယ်။ အင်မတန်ကြောက်စရာ ကောင်းပြီး အဆင်မသင့်ရင် အသက်ပါနှုတ်ယူသွားတတ်ပါတယ်။ ဒါဟာ နှလုံးပုံမှန်အလုပ်လုပ်နေရာကနေ ရုတ် တရက်နှလုံး ညှစ်အားကြောင့် ခါရမ်းလာတာဖြစ်ပါတယ်။ကြက်သွန်ဖြူဟာ ဒီလိုသွေးဖိအားတိုးလာမှုကို လျောကျစေ တာကြောင့် ဒေါသကြီးလာတဲ့ နှလုံးကို ယဉ်ပါးသက်သာစေပါတယ်။ ဒါဟာ သင့်အသက်ရေးမို့ မီးဖိုချောင်ထဲက ကြက်သွန်ဖြူကို အထင်တော့ မသေးလိုက်ပါနဲ့။
(၆) ကြက်သွန်ဖြူက အင်မတန်အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ သင်သတိပြုမိပါရဲ့လား။
လူတွေအိုမင်းတယ်ဆိုတာ ဓါတ်တိုးမှုကြောင့်ဖြစ်လာတာပါ။ ကြက်သွန်ဖြူမှာပါတဲ့ သဘာဝဓါတ်တွေက ဓါတ်တိုးမှုကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားရင် အရွယ်တင်နုပျိုစေနိုင်သလို အသက်ကြီးပိုင်းမှာဖြစ်တတ်တဲ့ သတိမေ့ ရောဂါတွေမဖြစ်အောင်လည်း အထောက်အကူပြုနိုင်တဲ့အတွက် သင်နဲ့ အနီးဆုံးမှာရှိတဲ့ ကြက်သွန်ဖြူဟာ သင့်အတွက် အင်မတန်အဖိုးတန်ပစ္စည်းဆိုတာ မမေ့ပါနဲ့။
(၇) ကြက်သွန်ဖြူက သွေးအတွင်းက သကြားဓါတ်တိုးတာကိုလည်း ကျစေတယ်ဆိုတာ သင်သိပါစေ။
ဒီကနေ့ အချိန်အခါမှာ ကြီးငယ်မဟူ လူတွေကြောက်နေရတာက သွေးအတွင်း သကြားဓါတ်တိုးလာပြီး ဆီးချိုဖြစ်လာ မှာကိုပါပဲ။ ကြက်သွန်ဖြူဟာ သွေးအတွင်း သကြားဓါတ်တိုးလာတာကိုတောင် ကျအောင် ကူညီပေးနိုင်ပေးတဲ့အပြင် သွေးတိတ်စေတတ်တဲ့ သဘာဝလည်းရှိတဲ့အတွက် ကြက်သွန်ဖြူက လူတွေရဲ့ ကျန်းမာရေးအတွက် အဖိုးနည်းသလောက် အကျိုးပေးများတဲ့ ပစ္စည်းဖြစ်ပါတယ်။
ကဲ၊မိတ်ဆွေ၊မြန်မာနိုင်ငံအနေနဲ့ နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး ဘယ်ရီသီးတွေလို အဖိုးမထိုက်ပေမယ့် ဒီရေ၊ဒီမြေထွက် ကြက် သွန်ဖြူကို လျှော့တော့ မတွက်လိုက်ပါနဲ့။မပေါ့တဲ့ သတိနဲ့ ရှိသလောက်လေးငွေကိုသုံးပြီး ကျန်းမာရေးအတွက် အနီးဆုံး မှာ ရနိုင်တဲ့ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးကာ သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင်ကို အရယူနိုင်ပါစေဗျာ။

Source:Health & Human research

Leave a comment

Your email address will not be published. Required fields are marked *