ကျောက်ကပ်ရောဂါရှင်များမှီဝဲသင့်တဲ့ အစားအစာများ

ဂေါ်ဖီထုပ်

အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ အစားအစာအားလုံးက ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ဘယ်လိုအစားအစာတွေက ကျောက်ကပ်ကို အထောက်အကူပြုလည်း ဆိုတာတော့ လေ့လာကြည့်ကြရအောင်။

ဂေါ်ဖီထုပ်မှာ ဗီတာမင် K ၊ C နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျောက်ကပ်အတွက် များစွာအကျိုးပြုပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးနိုင်တဲ့ သဘာဝရှိတာကြောင့် ကျောက်ကပ်ကို အထောက်အကူဖြစ်စေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကိုလက်စရောကို လျော့ကျစေရုံသာမက ရောင်ရမ်းခြင်းတွေကိုပါ သက်သာစေပါတယ်။ သွေးဖြူဥ ကိုလည်းပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပြီး နှလုံးရောဂါများနဲ့ ကင်ဆာရောဂါများကိုပါ ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် ရောင်ရမ်းခြင်းကိုပါ သက်သာစေပါတယ်။ နှလုံးရောဂါသည်များ အတွက်လည်း လွန်စွာမှ အသုံးဝင်တဲ့ သစ်သီးတစ်မျိုးဆိုလည်းမမှားပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *