ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီးအိပ်ရင် ဘာကောင်းကျိုးတွေ ဖြစ်စေနိုင်လဲ?

ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ အစားအသောက်တွေ အလွန်အကျွံစားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်က ပုံမှန်အတိုင်းအလုပ်မလုပ်တာကြောင့်လည်း ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ သိုင်းရွိုက်ကို ပုံမှန်အတိုင်းအလုပ်လုပ်စေဖို့နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ကြက်သွန်နီက အကောင်းဆုံးပါပဲ။ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီးအိပ်ရင် သိုင်းရွိုက်ကို ပုံမှန်အလုပ်လုပ်စေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေမှာပါ။

ဦးနှောက်စွန်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။

သွေးထဲမှာရှိတဲ့ အဆိပ်အတောက်တွေက ဦးနှောက်ထဲကိုလည်း ရောက်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှာ ဦးနှောက်က ပုံမှန်အတိုင်းမစွမ်းဆောင်နိုင်တော့ရုံသာမက အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စွာ မပြုလုပ်နိုင်တော့ပါဘူး။ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီးအိပ်ရင် သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ရုံသာမက သွေးတွင်းအောက်ဆီဂျင်ဓာတ်ကို ပိုမိုများလာစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

အသည်းနဲ့ ကျောက်ကပ်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပါတယ်။

ခန္ဓာကိုယ်မှာရှိသမျှအဆိပ်အတောက်အားလုံးက အသည်းနဲ့ကျောက်ကပ်မှာ သွားစုတာပါ။ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီးအိပ်မယ်ဆိုရင် ကျောက်ကပ်နဲ့အသည်းမှာစုနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ပိုမိုကျန်းမာစေပါတယ်။

အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

အစာခြေစနစ်မှာပါဝင်တဲ့ အူတွေထဲမှာ အဆိပ်အတောက်များစုဝေးနေတတ်ပါတယ်။ အူထဲမှာအဆိပ်အတောက်တွေစုဝေးနေရင် ကိုယ်ခံအားကိုလည်း ကျစေပါတယ်။ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီးအိပ်ရင် အစာခြေစနစ်မှာစုဝေးနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *