ကြက်သွန်ဖြူက လူတွေရဲ့ ကျန်းမားရေးကို အကျိုးပြုပုံများ

ကြက်သွန်ဖြူဟာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ အများအားဖြင့် ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးတဲ့ လူတွေနဲ့ မစားသုံးတဲ့လူတွေရဲ့ ကျန်းမားရေး၊ ကိုယ်ခံစွမ်းအားတွေက သိသိသာသာကို ကွာခြားပါတယ်။ ကြက်သွန်ဖြူကိုစားရင် ခံတွင်းနံ့နံတယ်ဆိုပြီး ကြက်သွန်ဖြူကိုရှောင်ကြမယ်ဆိုရင်ဖြင့် အောက်ကအကျိုးကျေးဇူးတွေကို လက်လွှတ်လိုက်ရမှာဖြစ်ပါတယ်။

သွေးသားသန့်စင်စေခြင်း

သင့်မျက်နှာပေါ်က ဝက်ခြံတွေက သင့်သွေးထဲမှာ အဆိပ်အတောက်တွေ ရှိနေတယ်ဆိုတာကို ဖေါ်ပြနေတာပါ။ ကြက်သွန်ဖြူဟာ သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး သွေးသားသန့်စင်စေပါတယ်။

အအေးမိခြင်းကို သက်သာစေခြင်း

ကြက်သွန်ဖြူက ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်တဲ့အပြင် အအေးမိရောဂါများကိုပါ သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။

နှလုံးရောဂါများကို ကာကွယ်ပေးခြင်း

ကြက်သွန်ဖြူက သွေးတွင်း ကိုလက်စရောကို လျော့ကျစေတဲ့အပြင် သွေးတွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် နှလုံးရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားရောဂါများနဲ့ ကပ်ပါး၊ မှိုရောဂါများကို ကာကွယ်ပေးခြင်း

ကြက်သွန်ဖြူစားသုံးခြင်းက ဘက်တီးရီးယား၊ ကပ်ပါးကောင်နဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ ကြက်သွန်ဖြူနေ့စဉ်စားသုံးခြင်းက ကိုယ်ခံအားကောင်းမွန်စေရုံသာမက အစာအိမ်နဲ့ အူမကြီးကင်ဆာများကို ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေနဲ့ ဆံသားကျန်းမာရေး ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူနေ့တိုင်းစားသုံးရင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်တဲ့ collagen တွေအားနည်းမှုကို ကာကွယ်ပေးနိုင်သာမက ဆံပင်ကျွတ်ခြင်းကိုပါ သက်သာစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *