ကွန်ဂိုတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဝင်များတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၇ရက်နေ့ ကြာသပတေးနေ့တွင် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ကိုစစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေးအဖွဲ့ကို သူပုန်တွေတိုက်ခိုက်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး တိုက်ခိုက်မှုပဲလို့ Antonio Guterres ကပြောပါတယ်။

ဒီတိုက်ခိုက်ခံရမှုဟာ အစ္စလာမ်ဝါဒီ စစ်သွေးကြွတွေဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့များ လို့ခေါ်တဲ့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂမှ အရာရှိတွေက သံသယရှိနေပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ဝင် ၁၄ဦးသေဆုံးပြီး တော်တော်များများပျောက်ဆုံးနေပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များဟာ တန်ဇန်းနီးယားက ဖြစ်ပေမယ့် သေဆုံးသူထဲမှ ၅ဦးဟာ ကွန်ဂို နိုင်ငံသားဖြစ်ပြီး အယောက် ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လပိုင်းအတွင် ဒီမိုကရက်တစ် ကွန်ဂိုအရှေ့ပိုင်းမှ ကုလသမဂ္ဂအဖွဲ့စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.