ကွဲသွားသော်လည်း ကွဲစလေးနှစ်ခုကို ပူးကပ်ပေးထားရုံနဲ့ အကောင်းတိုင်းပြန်ဖြစ်နိုင်တဲ့ မှန်ကိုတီထွင်နိုင်ခဲ့

ဒီဇင်ဘာ၂၈ရက်မှာ ဂျပန်နိုင်ငံရဲ့ သုတေသီတစ်ယောက်ဟာ စိုစွတ်တဲ့မျက်နှာပြင်တွေပေါ်မှာ သုံးလို့ရနိုင်မည့် ကော်တွေကို တီထွင်နေရာကနေ မထင်မှတ်ဘဲ ကွဲသွားသော်လည်း ကိုယ်တိုင်ပြန်ဆက်နိုင်တဲ့ မှန်သစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။

 

ထိုတီထွင်မှုကြောင့် မှန်ကွဲသွားတဲ့ဖုန်းကို လက်နဲ့ဖိပေးလိုက်ရုံနဲ့ အကောင်းတိုင်းပြန်ဖြစ်နိုင်တော့မည်လား။ ဒါပေမယ့် အဲဒီအဆင့်ထိတော့မရောက်သေးပါဘူး ၊ သို့သော်လည်း ပိုမိုဒဏ်ခံနိုင် ပေါ့ပါးပြီးမှန်နဲ့တူတဲ့အရာကို ကားမှန်၊ဆောက်လုပ်ရေးပစ္စည်း၊ငါးကန်နဲ့ နေ့စဉ်သုံးပစ္စည်းတွေမှာတော့ အသုံးပြုလာနိုင်ပြီး ပစ္စည်းရဲ့သက်တမ်းကိုလည်း သုံးဆလောက်တိုးစေပါတယ်။

တိုကျိုတက္ကသိုလ်က ဓာတုဗေဒသုတေသီ ယုယာနာဂီဆာဝါသည် အေအက်ဖ်ပီအတွက် ဓာတ်ခွဲခန်းနမူနာပြရာမှာ နမူနာမှန်ကို နှစ်ခုခွဲပြခဲ့ပြီး ထိုအပိုင်းနှစ်ခုကို စက္ကန့်သုံးဆယ်လောက် ပူးထားပေးတဲ့အခါ မှန်သည် ပြန်လည်ပူးကပ်သွားပြီး နဂိုတိုင်းပြန်လည်ဖြစ်သွားပါတယ်။

Polyether thioureas ခေါ် ပစ္စည်းတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ အော်ဂဲနစ်မှန်သည် အခရိုင်းလစ်နဲ့ ပိုမိုနီးစပ်ပါတယ်။အချို့ သိပ္ပံပညာရှင်တွေကတော့ ရာဘာ သို့မဟုတ် ဂျယ်စတဲ့ ပစ္စည်းတွေသုံးပြီး စွမ်းရည်တူပုံစံကိုပြခဲ့သော်လည်း ယာနာဆီဂါဝါရဲ့ မှန်သည် ကိုယ်တိုင်ပြန်လည်ဆက်နိုင်တဲ့ အစွမ်းရှိတဲ့မှန်ဖြစ်တာကြောင့် ပထမဆုံးသော တီထွင်မှုဖြစ်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *