ခန္ဓာကိုယ်ဘယ်ဘက်ကိုစောင်းအိပ်ခြင်းရဲ့ ကောင်းကျိုးများ

သွေးဖြူဥထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။

သွေးဖြူဥထုတ်လုပ်မှုစနစ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အဓိကအကျဆုံးစနစ်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့သွေးဖြူဥများပါဝင်တဲ့ အကြီးဆုံးသွေးကြောက ခန္ဓာကိုယ်ရဲ့ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်။ အိပ်စက်တဲ့အခါမှာ ဘယ်ဘက်ကိုစောင်းအိပ်တာက အညစ်အကြေးစွန့်တဲ့ဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဘယ်ဘက်ကိုစောင်းအိပ်တာက ခန္ဓာကိုယ်ဆဲလ်များအနေနဲ့ လိုအပ်တဲ့အာဟာရတွေကို ပိုမိုမြန်ဆန်စွာ ရရှိစေနိုင်ပါတယ်။

သရက်ရွက်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပါတယ်။

သရက်ရွက်က သွေးဖြူဥထုတ်လုပ်တဲ့စနစ်မှာပါဝင်တဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါမှာ သရက်ရွက်ရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အညစ်အကြေးတွေကိုလည်း ပိုမိုမြန်ဆန်စွာ သန့်စင်ပေးနိုင်ပါလိမ့်မယ်။

အညစ်အကြေးစွန့်သည့်စနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

အူသိမ်နဲ့ အူမကြီးဆုံရာနေရာက ခန္ဓာကိုယ်ရဲ့ဘယ်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါမှာ အညစ်အကြေးတွေကို အူသိမ်ကနေ အူမကြီးဆီကို တွန်းပို့ရာရောက်တာကြောင့် အညစ်အကြေးစွန့်တဲ့စနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

အသည်းကို ဝန်မပိစေပါဘူး

အသည်းက ခန္ဓာကိုယ်ရဲ့ညာဘက်ခြမ်းမှာတည်ရှိပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ပါက အသည်းဆီကို အဆိပ်အတောက်များသွားရောက်ဖို့ အခွင့်အလမ်းနည်းတာကြောင့် အသည်းကို ဝန်ပိစေမှာမဟုတ်ပါဘူး။

နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

နှလုံးရဲ့ဘယ်ဘက်အခြမ်းက အဆုတ်ဆီကနေ သွေးကိုလက်ခံရယူပြီး ခန္ဓာကိုယ်ကို ပြန်လည်ပို့လွှတ်ပေးပါတယ်။ ဒါကြောင့် ဘယ်ဘက်ကိုစောင်းအိပ်မယ်ဆိုရင် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေရုံသာမက နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *