ခံတွင်းအနံ့ဆိုးမထွက်စေဖို့ ရှောင်ရန်ဆောင်ရန်များ

ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ်ဘဝမှာ အရေးတကြီးပြုလုပ်ဖို့ လိုအပ်တဲ့အချက်တစ်ချက်ဖြစ်တာကြောင့် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများကို မျှဝေပေးချင်ပါတယ်။

ရေများများသောက်ပါ။

ရေများများသောက်ပေးတာက ခံတွင်းထဲမှာ တံတွေးလုံလောက်စွာ ရှိနေစေဖို့ အကူအညီပေးတဲ့အပြင် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်နေစေမှာ မဟုတ်ပါဘူး။

ကော်ဖီအရမ်းမသောက်ပါနဲ့။

ကဖင်းဓာတ်က တံတွေးထုတ်လုပ်မှုကို နှောင့်နှေးစေပြီး ခံတွင်းကို ခြောက်သွေ့စေတာကြောင့် ခံတွင်းနံ့ဆိုးတွေ ဖြစ်စေပါတယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။

အစာစားပြီးတဲ့အခါ သွားတွေမှာ အစာအကြွင်းအကျန်များ ကပ်ငြိနေတတ်ပြီး အချိန်ကြာသွားရင် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတတ်တာကြောင့် ခံတွင်းနံ့ဆိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

သွားတိုက်တံကို သုံးလတစ်ကြိမ်လဲပါ။

Family toothbrushes in mirror

သွားတိုက်တံက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ငြိနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါ။ အဲ့ဒီဘက်တီးရီးယားပိုးမွှားတွေက ပါးစပ်ထဲရောက်သွားတဲ့အခါမှာ ခံတွင်းနံ့ဆိုးကို ဖြစ်စေတာကြောင့် သွားတိုက်တံတစ်ခုကို သုံးလထက်ပိုမသုံးသင့်ပါဘူး။

လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

မနက်ခင်းသွားတိုက်တဲ့အခါမှာ သွားတွေကိုပဲ သန့်ရှင်းရေးမလုပ်ပါနဲ့။ လျှာကိုလည်း သန့်ရှင်းအောင် ပြုလုပ်ပေးပါ။ ခံတွင်းနံ့ဆိုးဖြစ်ပေါ်ခြင်းကို ၇၀% အထိ လျှော့ချပေးနိုင်ပါတယ်။

Leave a comment

Your email address will not be published.