ချစ်သူတို့ လမ်းခရီးမှာ ကြုံကြိုက်လာရမယ့်အခက်အခဲများ

ချစ်သူသမီးရည်းစားတွေဆိုရင် အချိန်တိုင်း ပြောင်းလဲမှုများနှင့်ကြုံနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းလဲမှုများအတွက် အခြေခံတဲ့ အချက်တွေလည်းရှိပါတယ်။ ဘယ်လိုအချက်တွေလည်းဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးသွားပါမယ်။

၁။ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ဒါဟာ ကြောက်ဖို့ကောင်းပါတယ်။ တစ်ခါမယုံကြည်တော့တာနဲ့ အမြဲ သံသယတွေတိုးလာမှာပဲဖြစ်ပါတယ်။
၂။ ငြီးငွေ့လာခြင်း။ သူငယ်ချင်းတွေနဲ့ တွေ့တာ၊ စာအုပ်ဖတ်တာက သင့်ရည်းစားထက် စိတ်ဝင်စားဖို့ကောင်းနေတာမျိုးပါ။
၃။ အမြဲဘယ်တော့မှ တစ်ဖက်တည်းမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။ အငြင်းပွားမှုတွေရှိနေတာကို ဆိုလိုတာပါ။
၄။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ရာသက်ပန် ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

၅။ တစ်ခါတစ်ရံ အထီးကျန်လာသလိုတောင် ခံစားရပါလိမ့်မယ်။
၆။ လမ်းခွဲရမလားဆိုတဲ့ အတွေးများ ဝင်လာတတ်ပါတယ်။
၇။ သင်ထားတဲ့ ယုံကြည်မှုလည်း တဖြည်းဖြည်း ပျောက်ဆုံးလာနိုင်ပါတယ်။
၈။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဒါဏ်ရာတွေ ပေးလာနိုင်ပါတယ်။

၉။ အချစ်တစ်ခုတည်းနှင့် မရှင်သန်နိုင်ပါ။
ဒီလိုအချက်တွေကို သတိထားပြီး သည်းခံတတ်မယ်ဆိုရင်တော့ သင့်အချစ်ခရီးဟာ သာယာဖြောင့်ဖြူးမှာ မလွဲပါ။

Leave a comment

Your email address will not be published. Required fields are marked *