ချစ်သူတွေမဟုတ်ကြပေမယ့် အခွန်ရှောင်ဖို့အတွက် လက်ထပ်လိုက်တဲ့ အသက်ကြီးကြီးအမျိုးသားနှစ်ဦး

အိုင်ယာလန်က အမျိုးသားနှစ်ယောက်ဟာ သူတို့ရရှိထားတဲ့ အမွေတွေကနေ ပေါင် ၅ သောင်းလောက်အခွန်ဆောင်ရမှာဖြစ်တဲ့အတွက် အခွန်ရှောင်တဲ့အနေနဲ့ လိင်တူချစ်သူမဟုတ်ကြပေမယ့် လက်ထပ်လိုက်ကြပါတယ်။

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ မက်မာပီ ၈၃ နှစ်နဲ့ ၅၈နှစ် ရှိတဲ့ မိုက်ကယ်အိုဆူလီဗန်တို့ဟာ အခမ်းအနား သေးသေးလေးတစ်ခုနဲ့အတူ အနှောင်အဖွဲ့ပြု မင်္ဂလာဆောင်လိုက်ကြပြီး  ဗျပ်စောင်းတီးခြင်းနဲ့ ညနေစာကျွေးခြင်းတို့ ဒီအပတ် အစောပိုင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

မစ္စတာ မာဖီဟာ သူ့အိမ်ကို အိုဆူလီဗန် ကိုပေးဖို့  မျှော်လင့်ခဲ့ပေမယ့် အိုလီဗန်ရရှိမယ့် ပိုင်ဆိုင်မှုကနေ အခွန်ဆောင်ရမှာကို သိပြီးနောက်ပိုင်း ထိတ်လန့်သွားခဲ့ပါတယ်။ သူတို့သူငယ်ချင်းတွေက စနောက်တဲ့ ပုံစံနဲ့ နှစ်ယောက် မင်္ဂလာဆောင်လိုက်ရင် အခွန်တွေကိုရှောင်တိမ်းလို့ရတယ်လို့ အကြံပြုလိုက်တဲ့အချိန်မှာ ဒီနည်းလမ်းဟာ အခွန်တွေကိုရှောင်တိမ်းဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာ သူတို့တစ်တွေနားလည်သွားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာလတ်တလောမှာ အတူတူနေထိုင်ကြပြီး သိကျွမ်းလာကြတာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပါပြီ။ မစ္စတာ အိုလီဗန်က မစ္စတာ မာဖီကို လစာမဲ့ စောင့်ရှောက်တဲ့သူအနေနဲ့ နေနေတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာတာကြာပါပြီ။ ကျွန်တော်က သူ့ရဲ့အမြင်ကွယ်သွားတဲ့အချိန်မှာ လက်ကျန်သက်တမ်း ၉ လ ဒါမှမဟုတ် ဒီထက်ပိုနိုင်တဲ့ကာလအတွက် ပြုစုပေးနေတာဖြစ်တယ်လို့” အိုင်းရစ် ကြေးမုံသတင်းစာကို ပြောပါတယ်။

“ကျွန်တော်က အရင်လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်တုန်းက တိုက်ခန်းအဟောင်းမှာ နေထိုင်ခဲ့ပြီး ဘဏ်မှာအပေါင်ဆုံးလို့ ရောင်းလိုက်ရတာဖြစ်ပါတယ်။” နှစ်ယောက်လုံးက ကျားကျားယားယားရှိကြပြီး မစ္စတာ ဆူလီဗန်ဟာဆိုရင် မိန်းကလေးလက်တွဲဖော်တစ်ယောက်နဲ့ ကလေးလည်း ရှိသူဖြစ်ပါတယ်။

မင်္ဂလာဆောင်အခန်းအနားကို ဓါတ်ပုံရိုက်ခဲ့တဲ့ ဒိုနယ် မိုလွန်နီက အိုလီဗန် က သူ့ရဲ့ လင်ယောကျာ်းအသစ်နဲ့ပတ်သက်တဲ့ အချစ်ပုံပြင်ကို သူ့ကိုပြောကြားခဲ့ပြီး အခမ်းအနားမှာ သူ့ပုံပြင်ကိုနားထောင်ရင်း ငိုခဲ့ရတယ်လို့ပြောပါတယ်။

“သူက မက်ကိုချစ်တယ်လို့ပြောပြီး ပုံပြင်ကိုအဆုံးသတ်လိုက်တဲ့အချိန်မှာ အားလုံးက ရင်ထဲထိကုန်ပါတယ်။” လို့ မစ္စတာ မိုလွန်နီက ပြန်ပြောင်းပြောပြပါတယ်။ “သူတို့နှစ်ဦးဟာ တစ်ကယ်ကိုစစ်မှန်တဲ့ စိတ်တူကိုယ်တူ စုံတွဲတွေဖြစ်တယ်လို့” မိုက်ကယ်ကပြောပါတယ်။

အိုင်ယာလန်ရဲ့ ၂၀၁၅ ဥပဒေက လိင်တူချစ်သူတွေကို မင်္ဂလာဆောင်ခွင့်ရှိတယ်လို့ တရားဝင်ပြဌာန်းထားပါတယ်။ “မှတ်ပုံတင်ရုံးကတော့ သူတို့နှစ်ဦးကို မင်္ဂလာဆောင်ဖို့ အာမခံခဲ့တဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်ကို ရုံးက ငြင်းဆန်လို့ မရပါဘူး။”လို့ မစ္စတာ အိုဆူလီဗန်က ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *