ချစ်သူ ၂ဦးနမ်းရာတွင် ၂ဦး ၂ဖက်အဆင်ပြေစေဖို့လိုအပ်ချက်များ

ချစ်သူ၂ဦးကြားမှာ နမ်းတယ်ဆိုတာဟာ အလွန်အရေးပါတဲ့ ဆက်သွယ်မှုတစ်ခုပါပဲ။ သင့်ဘက်က ကောင်းကောင်း မနမ်းတတ်ဘူးဆိုပါက ချစ်သူဘက်မှ ငြိုငြင်မှုကို ခံရတတ်ပါတယ်။ ဒါကြောင့် နမ်းတဲ့အခါမှာ အထာကျကျ နမ်းတတ်စေဖို့ လိုအပ်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖြည်းဖြည်းနှင့် နူးညံ့ သိမ်မွေ့ပါ။

ဒီလိုနေရာမှာ လောတယ်ဆိုတာ မကောင်းတဲ့အချက်တစ်ချက်ပါ။ ဖြည်းဖြည်းမှန်မှန်နှင့် တစ်ဆင့်ခြင်းတက်ဖို့လိုပါတယ်။ ဇာတ်ကားတွေမှာပါသလို ခက်ကြမ်းကြမ်း နမ်းတာတွေဟာ တကယ်လက်တွေ့မှာတော့ အဆင်မပြေပါဘူး။ ကိုယ့်ဘက်က သိမ်မွေ့နိုင်သလောက် သိမ်မွေ့ဖို့လိုပါတယ်။ ကိုယ့်နှုတ်ခမ်း သူ့နှုတ်ခမ်း ပိပိရိရိထိကပ်ပြီး နှုတ်ခမ်း၂စုံရဲ့ ထိပ်တိုက်ထိတွေ့မှုကို ရင်ထဲ အသဲထဲထိပါအောင် ခံစားတတ်ရမှာဖြစ်ပါတယ်။

(၂) ကိုယ့်ဘက်သူ့ဘက် စိတ်ပါအောင်ဖန်တီးပါ။

အနမ်းဆိုတာဟာ တစ်ယောက်ထဲပြီးမြောက်အောင်လုပ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘက်က စိတ်ပါပြီး သူ့ဘက်က စိတ်မပါရင်တော့ အနမ်းတစ်ပွင့်ဟာ တန်ဖိုးမရှိပါဘူး။ အနမ်းဆိုတာဟာ လူ၂ယောက်ရဲ့ ဆက်သွယ်မှု နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ ဒါကို ကောင်းကောင်းသိဖို့လိုပါတယ်။ ဒါကြောင့် စနမ်းနမ်းခြင်းမှာ အနူးညံ့ဆုံးဖြစ်အောင် နမ်းပြီးတော့ ခဏခွာလိုက်ပါ။ သူ့ဘက်က တုံ့ပြန်မှုကို ပြန်ကြည့်ပါ။ သူ့ဘက်က လိုလိုလားလားရှိနေပါက ပထမထပ် ပိုပြီး စွဲဆောင်မှုရှိတဲ့ အနမ်းမျိုးဖြင့် ဆက်နမ်းရမှာဖြစ်ပါတယ်။

(၃) လက်ရဲ့ လှုပ်ရှားမှုလိုအပ်ပါတယ်။

နမ်းတဲ့အခါမှာ နမ်းနေရုံသက်သက်ဖြင့် အနမ်းရဲ့ အရသာကို အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ လက်ရဲ့ လှုပ်ရှားမှုလည်းလိုအပ်ပါတယ်။ နမ်းနေရင်းဖြင့် သင့်ချစ်သူရဲ့ ပါးကိုကိုင်တာ၊ နားလေးတွေကို ကိုင်တာ၊ ခါးကိုဖက်ထားတာ၊ ပါးခုံးကို ဖက်ထားတာ၊ ကျောလေးကို သပ်ပေးနေတာ စသည်တို့ကို ပြုလုပ်ပေးပါမှ သင့်ချစ်သူဘက်က ပိုပြီး စိတ်ကျေနပ်မှုကို ရရှိစေမှာပါ။

(၄) သန့်စင်နေဖို့လိုပါတယ်။

သန့်စင်မှုက အဓိကကျပါတယ်။ ခန္ဓာကိုယ်မှာ သန့်စင်နေဖို့လိုသလို ခံတွင်းကိုလည်း သန့်စင်ထားဖို့လိုပါတယ်။ နမ်းတဲ့အခါမှာ ခံတွင်းအနံ့တွေ၊ ချွေးအနံ့တွေထွက်နေတာဟာ သင့်ချစ်သူကို စိတ်အနှောက်အယှက်ဖြစ်စေသည့်အပြင် ရွံသွားနိုင်ပါတယ်။ ဒါကြောင့် မနမ်းမီမှာ သင့် ခံတွင်းကို သံတယရှိပါက ပီကေ၊ ပူရှိန်းစသည့် ခံတွင်းနံ့ပျောက်စေမယ့် အရာတစ်ခုခုကို ငုံထားဖိုလိုပါတယ်။

(၅) လက်တွေ့ကျကျ ဖန်တီးပါ။

အနမ်းကိုလေ့ကျင့်ရာတွင် တစ်ယောက်တည်းလေ့ကျင့်နေလို့ အဆင်မပြေပါဘူး။ လက်တွေ့ကျကျ အပြင်မှာနမ်းဖို့လိုပါတယ်။ ဒါပေမယ့် အနမ်းခံမည့်သူကလည်း သင့်ရဲ့ အနမ်းတစ်ပွင့်ကို စောင့်မျှော်နေသူဖြစ်မှရပါမယ်။ အစိမ်းသက်သက်ဖြစ်နေတဲ့လူကို လက်တည့်သွားစမ်းမယ် ဆိုရင်တော့ ကိုယ့်အဖြစ်ကို ကိုယ်ပဲခန့်မှန်းကြည့်လိုက်ပါတော့။

Leave a comment

Your email address will not be published. Required fields are marked *