ချယ်လ်ဆီးနည်းပြ ကွန်တီကြီးကို မန်ယူစောင့်ကြည့်

နည်းပြကြီးကွန်တီအနေနဲ့ လက်ရှိအသင်းတွင်ပုံမှန်ပွဲထွက်ရန် ရုန်းကန်နေရသည့် ကွင်းလယ်လူ ဝီလျံနှင့် နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်တို့ကို ရောင်းရန်စီစဉ်နေကြောင်းသတင်းထွက်ပေါ်လာပါတယ်။

ဝီလျံက လက်ရှိပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ခွင့်တောင်မရပဲ အရံအဖြစ်နဲ့သာ ပွဲထွက်နေရပြီး၊ နောက်ခံလူ ဒေးဗစ်လူးစ်ဇ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် နည်းပြကွန်တီနဲ့ ကတောက်ကဆဖြစ်ကာ အချင်းများခဲ့သောကြောင့် အနာဂတ်မှာ မသေချာတော့ကြောင်း သတင်းများထွက်ပေါ်နေပါသည်။ ကွန်တီသည် ကစားသမားအသစ်ခေါ်ယူရန် လိုအပ်သည့်ပြောင်းရွေ့ကြေးကို ရှာဖွေလိုခြင်းကြောင့်လဲ ဝီလျံကို ရောင်းထုတ်ရန်စဉ်းစားနေခြင်းဖြစ်သည်။

ကွန်တီသည် တိုက်စစ်အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကိုခေါ်ယူရန်စိတ်ဝင်စားနေပြီး၊ ကာဗာနီဟာလည်း နေမာနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေမှုတွေရှိနေတာကြောင့် ပြောင်းရွေ့ရန်ဖြစ်နိုင်နေတယ်လို့ ကွန်တီက အခိုင်အမာတွက်ထားပါတယ်။

မန်ယူနည်းပြကြီး မော်ရင်ညိုကလဲ ဝီလျံနှင့် ဒေးဗစ်လူးဝစ်တို့ကို ခေါ်ယူလိုလျက်ရှိနေပါတယ်။ လွန်ခဲ့တဲ့နွေရာသီက ဝီလျံကိုခေါ်ယူရန် မန်ယူက ဆက်သွယ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် ဝီလျံတို့က ငြင်းပယ်ခဲ့သည့်အတွက် အပြောင်းအရွေ့ မဖြစ်ခဲ့ရဘူးလို့ Daily Mail ကဖော်ပြထားပါတယ်။

ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက အရင် မာတစ်ကို မန်ယူသို့ရောင်းထုတ်စဉ်ကလို နောက်ပိုင်း ရိုက်ခတ်မှုတွေမရှိစေရန် ဝီလျံကို တရုတ်ဆူပါလိဂ်သို့ ရောင်းလိုစိတ်ရှိနေပြီး၊ ဝီလျံက ဘရာဇီးကလပ် ပါးလ်မီးရက်စ်အသင်းရဲ့ ဆက်သွယ်ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီးဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မည့် ဘရာဇီးလက်ရွေးစဉ်အသင်းအတွက် ကိုယ်စားပြုခွင့်ရရန် ဒေးဗစ်လူးဝစ်ဇ်နှင့် ဝီလျံတို့ကလဲ စိတ်ပါနေတာကြောင့် ပြောင်းရွေ့ရန်မှာ တွန်းအားပေးနေသလိုဖြစ်နေပါတယ်။

Source : The Voice

Leave a comment

Your email address will not be published. Required fields are marked *