ချိုင်းကြားအသားအရေဖြူဖွေးစေမယ့် နည်းလမ်းကောင်းများ

ချိုင်းကြားအသားအရေညိုမည်းနေတာဟာ မိန်းကလေးတွေအတွက် တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုပါ။ ညိုမည်းနေတဲ့ ချိုင်းကြားအသားအရေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်း မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ချိုင်းကြားအသားအရေကို ဖြူဖွေးသွားစေမယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ကြရအောင်။

အာလူး

အာလူးမှာ ညိုမည်းနေတာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အာလူးအခြမ်းနဲ့ ချိုင်းကြားအသားအရေကို ၇ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ပြုလုပ်ပေးပါ။

သံပုရာသီးနဲ့ မုန့်ဖုတ်ဆိုဒါ

သံပုရာသီးက သဘာဝသန့်စင်ဆေးရည်ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ရောလိုက်ပြီး ချိုင်းကြားအသားအရေကို ၃ မိနစ်ခန့် scrub ပြုလုပ်ပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ရုံနဲ့ သိသာလာစေမှာပါ။

အုန်းဆီ

ညိုမည်းနေတဲ့ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဖွေးလာစေဖို့က အစိုဓာတ်မျှတဖို့ လိုအပ်ပါတယ်။ အုန်းဆီက အစိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ဗီတာမင် E ပါဝင်တာကြောင့် ညိုမည်းနေတဲ့အသားအရေကို ပြန်လည်ဖြူဖွေးလာစေမှာပါ။

သကြားနဲ့ အုန်းဆီ

အရေပြားအပေါ်ယံက ဆဲလ်သေတွေကို ဖယ်ရှားပေးမှ အသားအရေပြန်လည်ဝင်းပလာနိုင်မှာပါ။ သကြားတစ်ဇွန်းနဲ့ အုန်းဆီအနည်းငယ်ကို ရောပြီး ချိုင်းကြားအသားအရေပေါ်မှာ သုတ်လိမ်းပြီး scrub ပြုလုပ်ပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချိုင်းကြားအသားအရေကို ပြန်လည်ဝင်းပလာစေမှာပါ။

Leave a comment

Your email address will not be published. Required fields are marked *